Chapter 201

3.8K 141 1
                                    

Chapter-201 သူမအား တစ်ခုခုပေးခြင်း(၃)

ကျန်းချန်းက ရောင်စုံရက်ထားသော အထည်နှင့် သိုးမွှေအထည်ကြမ်းကို  ညွှန်ပြပြီး "ဒီ အထည်စအတွက် ကျွန်တော့်ကို နောက်ထပ် နောက်ထပ်၆ပေ ဖြစ်ပြီး  အဲ့အထည်စအတွက် ၆ပေထပ်ဖြတ်ပေးပါ" လို့ ပြောပါတယ်။

စကားပြောပြီးနောက် ကျန်းချန်းက မလုံလောက်ဟု ခံစားမိပြီး အရောင်းစာရေးအား “ရဲဘော် ဒီအပြာရောင် ကာကီအစတွက် ခြောက်ပေနဲ့ အနက်ရောင်အတွက် ၆ပေဖြတ်ပေးပါ" ဟုပြောဆိုလိုက်သည်။

အပြာရောင်အစကို အပေါ်အင်္ကျီနှင့် အောက်စကတ်အတွက် အနက်ရောင်ကို အသုံးပြုနိုင်သည်။

ကျောင်းရှုလန်သည် အမြဲတမ်း ဘောင်းဘီကိုသာ ဝတ်ပြီး စကတ်ဝတ်သည်ကို ကျန်းချန်း မတွေ့ဖူးပေ။

ရုပ်ရည်ချောမောသည့် မိန်းကလေးတိုင်းက စကတ်နှင့်လိုက်ပေသည်။ ကျောင်းရှုလန်လည်း စကတ်ဝတ်လိုက်ပါက ပို၍ အလှတိုးသွားပေမည်။

မြို့တော်ဖြစ်သော်လည်း ထင်သလောက်မများနေပေ။
လုမြို့တော်မှာဆိုရင် အထည်တွေက ပိုကြည့်ကောင်းပြီး စတိုင်အမျိုးမျိုးရှိကြသည်။ ကျောင်းရှုလန်အတွက် ဝယ်ရင် သေချာပေါက် အရမ်းကြည့်ကောင်းနေပေမည်။

လုမြို့မှ မိန်းကလေးများသည် Bragi စတိုင် ရိုးရှင့်ကျောမော့သော ပုံစံများ ၀တ်ဆင်ခြင်းကို နှစ်သက်ကြောင်း ကျန်းချန်း သတိရမိသည်။

လုမြို့ကို ပြန်သွားတဲ့အခါ ကျောင်းရှုလန် အတွက် ဝယ်ပေးပြီး ကျောင်းရှုလန်ကို ဝတ်ခိုင်းရမည်။

ကျောင်းရှုလန်က ကျန်းချန်း  အထည်နဲ့အဝတ်အစားတွေ အများကြီးမနေတာမြင်တော့  အလျင်စလို တားလိုက်ပြီး "ရဲဘော် ကျန်းချန်း တစ်ထည်ဆို လုံလောက်ပါပြီ ဘာလိုအများကြီးဝယ်ပေးတာလဲ မလိုချင်ပါဘူး"

ကျန်းချန်းက ပြုံးပြီး "ရဲဘော် ရှုလန် အားမနာပါနဲ့ ကိုယ့်အမြင် တစ်ထည်က လုံးဝမလုံလောက်တာ မိန်းကလေးတွေက လှလှပပလေးနေတတ်ကြတယ်လေ အဲ့တော့မင်းအတွက် တစ်ထည်မကလိုတယ်"

“ဒါပေမယ့်”

ကျောင်းရှုလန် မငြင်းခင်မှာ ကျန်းချန်း က အရောင်းစာရေးထံ သွားပြီး "ရဲဘော် စုစုပေါင်း ဘယ်လောက်လဲဆိုတာ တွက်ပေးပါဦး"

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Where stories live. Discover now