Chapter 203

1K 101 0
                                    

Chapter 203 - အပြန်အလှန် ဝယ်ပေးကြခြင်း(၁)

ကျန်းချန်းက အရောင်းစာရေးထံသို့ သွားကာ “ရဲဘော်၊ vanishing creamနဲ့ clam oil အားလုံးပေါင်း ဘယ်လောက်လဲတွက်ပေးပါဦး”

“ဂုံးဆီတစ်ဗူးကို တစ်ယွမ်ခွဲ vanishing cream တစ်ဗူးကို နှစ်ယွမ်ဆိုတော့  စုစုပေါင်း ငါးယွမ်ကျတယ်။”

ကျန်းချန်းသည် ချက်ချင်းပင် သူ့အိတ်ကပ်ထဲမှ ငါးယွမ်ကို ထုတ်ကာ အရောင်းစာရေးထံ ပေးလိုက်သည်။

အရောင်းသမားက ယူသွားပြီး ပစ္စည်းတွေကို ထည့်လိုက်သည်။
ကျန်းချန်းက  ကျောင်းရှုလန်ကို ငွေရှင်းခွင့်မပေးခဲ့ချေ။

“ရဲဘော် ကျန်းချန်း ကျွန်မပေးလိုက်ပါ့မယ် ပြန်သိမ်းထားလိုက်ပါ”

ကျောင်းရှုလန်က သူ့အိတ်ကပ်ထဲက ငါးယွမ်ကို ထုတ်ပြီး ကျန်းချန်းဆီသို့ ထည့်လိုက်သည်။

သူမသည် ငါးယွမ်ထက်ပိုများနေပါက ပိုက်ဆံမလောက်နိုင်တော့ချေ။

“ရဲဘော် ရှုလန် ကိုယ်ပေးမယ်ဘို့ ပြောထားတာလေကွာ မင်းပိုက်ဆံပြန်သိမ်းထားလိုက်ပါ” ကျန်းချန်းကပြောပြီး ပိုက်ဆံတွေကို ကျောင်းရှုလန်အား ပြန်ပေးလိုက်သည်။

“ရှင် ကျွန်မအတွက်ပိုက်ဆံံသုံးတာများနေပြီ”

“သိပ်မများပါဘူး နည်းနည်းလေးပဲရှသသေးတာ မင်းကြိုက်တာတွေရင်ပြော က်ုယ်ဝယ်ပေးမယ်!”

“…”

ကျောင်းရှုလန်က ကျန်းချန်းကို ပေါင်းသင်းရာတွင် အခက်အခဲတစ်ချို့ရှိကြောင်း တွေ့လိုက်ရသည်။

သူကချမ်းသာပြီး အရာအားလုံးကို ဝယ်ပေးချင်နေလေသည်။
“မလိုပါဘူး တော်တော်လုံလောက်နေပါပြီ

ရဲဘော် ကျန်းချန်း ရှင်ကျွန်မကို ဝယ်ပေးတာတွေများနေပြီ ကျွန်မတစ်ခုခု ပြန်‌ဝယ်ပေးရမလား မဟုတ်ရင် ရှင်ဝယ်ပေးထားတာတွေပြန်ယူမလား“

ကျန်းချန်းက သူမကို ပေးခဲ့တာကို လက်ခံနိုင်ပေမယ့် အခွင့်အရေးယူသလို မဖြစ်သွားအောင် တစ်ခုခု ပြန်ပေးသင့်ပေသည်။

ကျန်းချန်းက ကျောင်းရှုလန် ရဲ့စကားကိုကြားတော့ မျက်မှောင်ကြုတ်ပြီး “ရဲဘော် ရှုလန် ကိုယ်က လူကြီးတစ်ယောက်ဖြစ်နေပြီ ဘာမှမလိုတော့ဘူး မင်းအတွက်လိုတာမလို့ ကိုယ်ကဝယ်ပေးတာပါ”

“စေတနာရှိလို့ မင်းကိုပေးတာလေ မရဘူးလား”

ကျန်းချန်းက ကျောင်းရှုလန်ကို လေးနက်စွာပြောနေခြင်းအ မြင်လိုက်ရပြီး သူ့အားကျောင်းရှုလန်ငြင်းနေဦးမည်ကို ဆိုးသည့်အပြင် သူမဆီမှ မည်သည့်အရာမှလက်မခံချင်ပေ။

အချိန်အတော်ကြာအောင် ငြင်းနေကြပြီးနောက် ကျန်းချန်းက ခေါင်းညိတ်ကာ “ကောင်းပြီလေ ဒါဆိုလည်း မင်းတစ်ခုခုပြန်ပေးပေါ့”

ကျောင်းရှုလန်ကလည်း သဘောတူကြောင်း ခေါင်းညိတ်သည်။

ဘာပေးရမည်ကို မသိသည့်အပြင် ဈေးကြီးသည်များကိုလည်း သူမ မတတ်နိုင်ပေ။

ကျောင်းရှုလန်က ဘာပေးရမလဲ စဉ်းစားထားပြီးသားဖြစ်သွား၏။

ဆိုင်ကြီးတစ်ခုသို့ ကျန်းချန်းအားခေါ်သွားကာ အမျိုးသားစီးသားရေဖိနပ်များကို ပြသလေသည်။

“ရဲဘော် ကျန်းချန်း ရှင့်ကို သားရေဖိနပ်တစ်ရံလောက် ဝယ်ပေးချင်လို့!”

ကျန်းချန်း ခဏတာ အံ့အားသင့်သွားသော်လည်း ကျောင်းရှုလန်က သူ့ကို ဒီလိုပေးမည်ဟု မတွေးထားမိပေ။

သားရေဖိနပ်တစ်ရံက ဈေးမကြီးသော်လည်း ကျောင်းရှုလန်သူ့အား ဈေးသက်သာသည်ကိုသာ ဝယ်ပေးလိမ့်မာ်ဟု ထင်ထားမိသည်။

“ရဲဘော် ရှုလန် တခြားဟယဝယ်ပေး သားရေဖိနပ်က ဈေးကြီးတယ်”

“စိတ်မပူပါနဲ့ ကျွန်မမှာ ပိုက်ဆံရှိတယ် ရှင်နော် ကတိပေးထားပြီး ဖျက်ဖို့မစဉ်းစားနဲ့”

ကျောင်းရှုလန် ပြောလိုက်ပြီးနောက် ကျန်းချန်း အခြားဘာမှ မပြောနိုင်တော့ပေ။

ကျောင်းရှုလန်က အလွန်ကြည့်ကောင်းသည့် အနက်ရောင် သားရေဖိနပ်တစ်ရံကို ရွေးချယ်ခဲ့သည်။ ဒီခေတ်က သားရေဖိနပ်တွေကို သားရေစစ်စစ်နဲ့ ပြုလုပ်ထားပြီး အလွန်ခိုင်ခံ့၏။ 21 ရာစု၌ အတုအပတွေ အများကြီးရှိပြီး ပစ္စည်းတွေရဲ့ အရည်အသွေးက မကောင်းချေ။

“ရဲဘော် ဖိနပ်ဆိုဒ် ဘယ်လောက်လဲ” အရောင်းသမားက မေးလေသည်။

“လေးဆယ့်သုံး”

အရောင်းသမားသည် အရွယ်အစား 43 ဖိနပ်တစ်ရံကို ယူလာပြီး ကျန်းချန်းအတွက် ဝတ်ပေးခဲ့သည်။

သူ့ခြေထောက်နှင့်ကိုက်ပြီး သက်တောင့်သက်တာဖြစ်နေလေသည်။ အနည်းငယ်စီးကာ လမ်းလျှောက်ပြီးနာက် ကျန်းချန်းက ကျောင်းရှုလန် အား “ရဲဘော် ရှုလန် မင်းကတော်လိုက်တာ မင်းရွေးပေးထားတာက တကယ်အဆင်ပြေတယ်”

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Where stories live. Discover now