part _ 1 (Unicode)

540 58 0
                                    

   
      ရှီခဲတစ်ယောက် stage ပေါ်သို့တက်ပြီး သွားမကခင်အချိန်ကလေးမှာ သူ၏ဖုန်းကို Bar မှာအလုပ်လုပ်နေ‌သော ရှောင်လီဆိုသည့်ကောင်လေးထံ အပ်ထားခဲ့တာပဲဖြစ်သည်။ အခုအချိန်မှာတော့ ဖုန်း screen ပေါ်က အဆက်မပြတ်ခေါ်လာသည့် contact ကိုမြင်နေရသော ရှောင်လီတစ်ယောက်ကသာ ခေါင်းနပန်းကြီး‌‌ နေရတာဖြစ်ပေသည်။

    ပြောရမည်ဆိုပါက  ထိုသို့သောကိစ္စမျိုးသည် ရှောင်လီအနေဖြင့် အရေးတကြီးကိစ္စတစ်ခုဟုပင် သတ်မှတ်စရာမ‌လိုတော့ချေ ။ ရှီခဲကိုတောက်လျောက် ဖုန်းခေါ်နေတဲ့သူမှာ ဘယ်သူရှိဦးမည်နည်း။ ထိုသူ၏ချစ်သူ ချင်ရှန်းသာပင်ဖြစ်လေသည်။

   ရှောင်လီအနေနဲ့ဖြင့် ရှီခဲ့ရဲ့ကောင်လေးဖြစ်သူကို တွေ့ဖူးသည့် အကြိမ်ရေမှာတစ်ခါနှစ်ခါပင်မက‌တော့ချေ။ ထိုသူတို့နှစ်ယောက် ရန်ဖြစ်စကားများလာသည့်အချိန်တိုင်း အရမ်း၀မ်းနည်းနေသည် ဟူသောမျက်နှာ‌လေးဖြင့် ရှီခဲ့ကဒီနေရာကိုလာပြီး အရက်သောက်နေကျသာ။
   ထို့အတူပင် သူ၏ချစ်သူဆိုသူမှာလည်း ရှီခဲ မူးပြီးမှောက်နေသည့်အချိန်လောက်၌ လာခေါ်ပြီးတူတူ အိမ်ပြန်သွားတတ်လေ့ရှိသည်။

   သူတွေးကြည့်မိရသလောက် ဒီနှစ်ယောက်မှာအမြဲရန်ဖြစ်နေတာတော့မဟုတ်ပေမယ့် ခဏခဏရန်မဖြစ်ဘူး လို့ပြောပြန်ပါကလည်မရပေ ။   သူ့အ‌နေဖြင့် ထိုသူနှစ်ဦး၏ ဖန်တစ်ရာထပ်နေသည့်အခြေအနေများကို အသားကျနေပြီဖြစ်သော်လည်း ယခုလိုအခြေအနေတော့မပါပေ။
      သူခေါင်းနပန်းကြီးနေရသည့် အကြောင်းအရင်းမှာ သောက်ရုံနဲ့တင်အားမရတော့ပဲ  Stage ပေါ်တွင်တစ်ခြားသူတစ်ယောက်နဲ့  ကွေးအောင်ကမည်ဟုဆိုကာ ခုန်တက်သွားသည့် ရှီခဲ့ကြောင့်သာဖြစ်သည်။။
       ဒီအတိုင်းကနေသည်ဆိုရင်တောင် ရှောင်လီအနေဖြင့်ဘာမှမပြောလို။ ယခုဟာက ရှီခဲသည် သူ၏တင်လေးကို ကောက်ပြီး တစ်ခြားလူနား မထိရုံတမယ်လေး လုပ်၍ကနေခြင်းဖြစ်သည်။ ယခုအချိန်သာ ချင်ရှန်းရောက်လာခဲ့ပါက ပြဿနာအကြီးကြီးတက်တော့မည်ကို ရှောင်လီအနေဖြင့် စိုးရိမ်မိပါသည်။

     တကယ်လို့များ ထိုသူက ရှီခဲ့နဲ့အတူတူကနေသည့်သူအကုန်လုံးကို ဒေါသတကြီး ရိုက်နှက်မိ၍ ရန်ပွဲတွေဖြစ်ကုန်ကြပါက ဘယ်လိုလုပ်ကြမတုန်း! ဟုသာတွေးမိနေတော့လေသည်။

He Doesn't Love Me (他不爱我)Where stories live. Discover now