Part - 4 ( Uni + Zawgyi)

164 24 2
                                    

  Unicode

........... ........... ............ ............ ............. .

  ဟိုတယ်ခန်းထဲရောက်ပြီး ကိုယ်လက်သန့်စင်ဖို့ရာ ရေချိုးခန်းထဲ၀င်သွားခဲ့ပြီးနောက် ရေနွေးငွေ့ကြောင့် ပန်းနုရောင် သန်းနေတဲ့ ရှီခဲ့၏ ခန္ဓာကိုယ်‌လေးတစ်ခုလုံးဟာ bathrobe အောက်မှာ ထွေးထွေးလေး ရှိလို့နေပါတယ်။

    ဒီတစ်ခါမှာတော့ ပုံမှန်ထက်ကို အလွန်အကြူး သောက်ထားခဲ့ခြင်း ဖြစ်တာကြောင့် ရေငတ်ပြေအောင်  ရေသန့်ဘူးတစ်ခုလုံး ကုန်အောင်အထိ သောက်လိုက်ပေမယ့် ဗိုက်ထဲမှာကတော့ တော်တော်လေး အဆင်မပြေဖြစ်နေဆဲပင်ဖြစ်သည်။
     ရှီခဲ့ တကယ်ပင် နေမကောင်းတော့တာဖြစ်သည်။ သူ၏မျက်လုံးကလေးများမှာ နီရဲလျက် ရှိနေပြီး
အိပ်ယာထက်သို့ နွမ်းနွမ်းလျလျ လှဲချလိုက်လေသည်။
ဒီလိုနေရထိုင်ရ မသက်သာပုံနဲ့တော့ ညနက်ခါမှ အိပ်ရေးပျက်ဖို့ရာ အကြောင်းဖန်လာတော့မယ် ထင်ပါရဲ့။

    လှဲနေရင်းက‌နေပဲ အနီးအနားက ဖုန်းရှိနိုင်မယ့် နေရာကိုလက်လှမ်းရှာကာ ဖွင့်လိုက်ပြီးနောက် လွတ်သွားသည့်ဖုန်းခေါ်ဆိုမှုပေါင်းများစွာနှင့် မဖတ်ရသေး ‌ေသာWeChat က မက်ဆေ့ခ်ျများစွာကို သူတွေ့လိုက်ရတော့သည်။

  ထိုအချိန်မှာပဲ ဖုန်းခေါ်ဆိုမှု တစ်ခုက ၀င်လာခဲ့တာဖြစ်တာကြောင့် သူချက်ချင်းပဲ WeChat ကနေထွက်ပြီး
ဖုန်းပိတ်လိုက်ရမလား စဉ်းစားလိုက်ပေမယ့် လက်ရှိအချိန်ဟာ မနက် သုံးနာရီထိုးနေပြီဆိုတာကို သိသွားခဲ့တဲ့ နောက်မှာတော့ ရှီခဲ့ တစ်ချက်တုန်လှုပ်သွားခဲ့သည်။

   သူနဲ့ ချင်ရှန်း စကားများရန်ဖြစ်ပြီး ထွက်လာခဲ့လိုက်တာ ရှစ်နာရီ လောက်ကြာသွားခဲ့ပြီလေ။ တစိတ်...    ချင်ရှန်းကအခုချိန်ထိ သူ့ကိုစိတ်ပူပြီး လိုက်ရှာနေခဲ့တာလား....

နောက်ဆုံးမှာတော့ ဖုန်းလက်ခံလိုက်မယ်လို့ စိတ်ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဖုန်းခေါ်‌ဆိုမှု ချိတ်ဆက်သွားခဲ့ပြီးနောက်မှ ခေါ်ဆိုသူ တစ်ဖက်လူဆီက ချက်ချင်း စကားစမပြောလာခဲ့ပေမယ့် ရှီခဲ့ အသက်ရှုသံခပ်ပြင်းပြင်းကိုတော့ ကြားနေခဲ့လေသည်။

He Doesn't Love Me (他不爱我)Where stories live. Discover now