part 1(မင်းအဆင်ပြေရဲ့လားကောင်လေး)

1.2K 42 4
                                    

မနက်​ဝေလီ​ဝေလင်းလောက် မှာ လွှမ်းသ၀ဏ် အိမ်မက ်ဆိုးကနေလွတ်မြောက် ပြီးနိုးလာခဲ့သည်။ အတော့်ကိုကြောက်စရာကောင်းတယ်လို့ပြောရမည်။

လွှမ်းသ၀ဏ် မောဟိုက်နေကာ ရေဆာနေသောကြောင့် အောက်ထပ်ကို ဆင်းပြီး ရေသောက်ရန် အခန်းပြင်ထွက်လိုက်သည်။
မနက် ၅နာရီ ကျော်သာရှိသေးတာမို့ အိမ်ကအဒေါ်လည်းမနိုးသေးပေ။

အောက်ထပ်သို့ ဆင်းသော လှေကားကနေ တစ်လှမ်းချင်း ဆင်းလာသည်။ အိမ်က တိတ်ဆိတ်နေပြီး မီးများလည်း ပိတ်ထားတာကြောင့် အမှောင်ထုကကြီးစိုးနေသယောင်။

အောက်ထပ်ရောက်လို့ ရေခဲသေတ္တာနားသွားကာ ဖွင့်လိုက်ပြီး ရေတစ်ဘူးယူကာ မော့သောက်လိုက်သည်။

"ဟူး~" လွှမ်းသ၀ဏ် သက်ပြင်းချမိသည်။ သူဘာကြောင့်များ ဒီအိမ်မက ် ကို ခနခန
မက ်နေရတာလည်းမသိပေ။ အဲ့ အိမ်မက်ကို မက ်တိုင်း သူအရမ်းနာကျင်မိတာ အမှန်ပင်။
မိဘများကို သူ့အရှေ့တွင် လူတစ်ယောက်က သတ်ခဲ့တယ်။ ထိုသူရဲ့မျက်နှာကိုအခုတော့ ဝေဝါးဝါးသာ သိတော့သည်။

လွှမ်းသ၀ဏ် ခေါင်းကိုဘယ် ညာ ရမ်းကာခါလိုက်ပြီး ထိုအတွေးများကို ရှင်းလိုက်ပြီး
သက်ပြင်းရှည် နောက်တစ်ချက်ချကာ အပေါ်သာပြန်တက်လာခဲ့သည်။

အိပ်ယာပေါ်ရောက်လို့ ခေါင်းချလိုက်တာနဲ့ တမဟုတ်ချင်း အိပ်ပျော်သွားတော့သည်။

************************************

"သ၀ဏ်~ သားရေ ထတော့လေ! ကျောင်းနောက်ကျတော့မယ် ကွယ့်"

အဒေါ်ဖြစ်သူ နိုးသံက ကျယ်တော့ လွှမ်းသ၀ဏ်မထချင် ထချင် နဲ့ ထလိုက်ရသည်။

"ဟုတ်ဒေါ်လေး ကျွန်တော်ထပါပြီဗျ!"

လို့ ပြောကာ ရေချိုး ခန်းထဲဝင်သွားသည်။မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ကာ ကျောင်းစိမ်း အင်္ကျီဖြူနဲ့ ပုဆိုးစိမ်း ကိုဝတ်လိုက်သည်။ သူ၏ ပုံဆန်ကို မှန်ထဲမှာကြည့်ရင်း ကျေနပ်နေလေသည်။

ကြွားတာမဟုတ်ပေမယ့် လွှမ်းသ၀ဏ်က ကျောင်းရဲ့အလှလေးတစ်ဉီးဟု ဆိုရမည်။ သူ့ မှာ ဖီးနစ်ငှက် မျက်လုံးလို မျက်ဝန်းလှလှ တစ်စုံကိုပိုင်ဆိုင်ထားပြီး မျက်ဆံအရောင်က နက်ပြာရောင်သန်း နေသည်။ သူရဲ့ နှခမ်းဟာ မက်မွန်ရောင် လေးသန်းကာ ဖူးဖူးလေးဖြစ်နေသည်။ ခန္ဓာကိုယ်ကောက်ကြောင်းကလည်း မိန်းကလေးလို ပင် S lineလေးပင်၊
ဒီလိုအလှကို မိန်းမချောချောတာဟု ခေါ်နိုင်ပါသည်။သို့ပေမယ့်သူက ယောကျာ်းလေးဖြစ်နေတော့ မိန်းကလေးလို့လည်းတွေးမရပေ။

ပန်း​ခြွေရံတော်ရဲ့နှင်းဆီတစ်ပွင့်Where stories live. Discover now