part 2ခွေးရိုင်းလေးနဲ့တွေ့ခဲ့ခြင်း

291 8 3
                                    

"ချောလိုက်တာ~"

ထိုစကားသံကြားတော့ သူ့ကို ပြုတ်ကျမှာစိုး၍ထိန်းကူပေးတဲ့လူက ရုတ်တရက် သူ့ကို လက် မှ လွှတ်ချလိုက်သည်။ လွှမ်းသ၀ဏ် တင်ပါးနားသွားကာ သူ အသိ ပြန်၀င်လာခဲ့သည်။

သူမော့ကြည့်လိုက်တော့ ထိုလူက သူ့ကို စိုက်ကြည့်တာနဲ့ကြုံလိုက်ရသည်။

Pov:သေရော ငါ့ပါးစပ်ကလည်း အန္တရာယ်တော်တော်ပေးတယ်:

သူသွား၃၂ ချောင်းလုံးပေါ်အောင် ပြုံးလိုက်ပြီး လှည့်ထွက် ရန်ပြင်လိုက်တယ်။သူထွက်သွားဖို့သင့်ပြီ မဟုတ်ရင် ဒီအကြည့်ထဲမှာတင်အရည်ပျော်တော့မှာ သေချာတယ်။

သို့သော် တစ်ဖက်လူက သူ့ထက် ခြေတစ်လှမ်း စောပြီးထွက်သွားသည်။ လွှမ်းသဝဏ်ခမျာ အံ့ဩသွားရပြန်သည်။

ဒါအပြင် လွှမ်းသဝဏ်ရဲ့နှလုံးသားကလည်း တငြိမ့်ငြိမ့် နဲ့ ခုန်နေသေးသည်လေ ။

xxxxxx

အခန်း ထဲသို့ပြေး၀င်လာသော ရန်မျိုး ကို ရတီက တွေ့ ပြီး အလန့် တကြားမေးလိုက်သည်။

" ဟဲ့ နင် ဘာလို့ အဲ့လောက်ပြေးလာရတာလည်း နင့်နောက်ကျားလိုက်နေလို့လား! "

ရန်မျိုးက ဘာမှ ပြန်မဖြေ သေးပဲ ရတီ့ ဆီ က ရေဘူး ကိုယူကာ ရေငတ်နေသူပမာ သောက်နေသည်။ပြီးတော့မှ မောဟိုက်နေသံ ဖြင့်စကားပြောလာသည်။

" ကျားလိုက်တာထက်ဆိုးတယ် ဟာ..မင်းမသိ လို့"

"အေး အေး ငါ မသိဘူးထား ..လွှမ်းသ၀ဏ်ရော နင်နဲ့အတူသွားတာမဟုတ်ဘူးလား"

" သူအနောက် မှာကျန်ခဲ့တယ်... တော်ပြီ ငါ ဆေး ထိုးဖို့ပြန်သွားအုန်းမယ် ရတီ မင်းရော မထိုးဘူးလား"

"ငါက ထိုးပြီး သွားပြီ"

ရန်မျိုးတစ်ယောက် ထပ်မမေးတော့ပဲ လွှမ်းသ၀ဏ်ကို ရှာ ရတော့သည်။သူတို့သူငယ်ချင်း နှစ်ယောက်က အတူတူ သွား ရမှာကိုး။ရတီလည်းအတူလိုက်ရှာသည်လေ။

*********

"ဟေး ထရပ် မင်း ဘယ်တွေရောက်နေတာလည်းကွာ "

မင်းသုခက ပြောလာလေရော သူ လိုက်ရှာနေတာ နှံ့နေပြီ။သို့သော် ကျောင်းက တော့ လည်ပတ်လို့ကောင်းခဲ့ပါတယ်။

ပန်း​ခြွေရံတော်ရဲ့နှင်းဆီတစ်ပွင့်Where stories live. Discover now