ဘာမှန်းမသိတဲ့ လက်မှတ်လေးနှစ်စောင်ကို ရှောင်းကျန့် ဟိုဘက်လှန်ကြည့်လိုက် ဒီဘက်လှန်ကြည့်လိုက်နဲ့ ကြည့်နေမိတယ်။စာရွက်အပိုင်းအစလေးက အရမ်းလည်းမကြီး အရမ်းလည်းမသေးတဲ့ အနေအထားမှာ။ဒါကရထားလက်မှတ်တစ်ခု ဖြစ်ပါလိမ့်မယ်။ကုတင်ပေါ်မှာ အခုအချိန်အထိ မလှုပ်မယှက်အိပ်နေသေးတဲ့ သူကိုရှောင်းကျန့် လည်ပင်းလေးအနည်းငယ်ထောင်လို့ လှမ်းကြည့်လိုက်တယ်။ဒီနေ့က ပိတ်ရက်ပါ။ပုံမှန်ပိတ်ရက်တွေဆို မနက်စောစောက လမ်းလျှောက်ထွက်တတ်တဲ့ ဝမ်ရိပေါ်က ဒီနေတော့ စောင်ပုံထဲလုံးထွေးရင်း ခုနှစ်နာရီခွဲတော့မဲ့ အချိန်အထိ မထသေးဘူး။ရှောင်းကျန့် လက်မှတ်လေးနှစ်စောင်ကို ပစ္စည်းထည့်တဲ့ ဘူးအဝိုင်းလေးထဲ ထည့်ထားခဲ့လိုက်တယ်။
" ရိပေါ် ခုနှစ်နာရီခွဲနေပြီ နေမကောင်းလို့များလား မှန်းစမ်း။"
စောင်ပုံထဲ လုံးထွေးနေတာမို့ ဝမ်ရိပေါ်က မျက်နှာပဲပေါ်တယ်။ဝမ်ရိပေါ်က အိပ်နေရင် အတော်ချစ်စရာကောင်းတယ်၊ရုပ်တည်ကြီးလည်း မဟုတ်တော့ဘဲ ခပ်ပြေပြေမျက်ခုံးတန်းတွေကနဲ့မို့ လူကြီးရုပ်ကြီးဖြစ်မနေတော့ဘူး။ရှောင်းကျန့် နှာခေါင်းလုံးလုံးလေးရဲ့ ထိပ်ကို လက်နဲ့ထိကြည့်လိုက်တယ်။ဝမ်ရိပေါ်ရဲ့ မျက်ခုံးတန်းတွေက ဆတ်ခနဲတွန့်ကွေးသွားပြီ။တွန့်ကွေးသွားတဲ့ မျက်ခုံးတန်းတွေကိုလည်း ရှောင်းကျန့်လက်နဲ့ဖိပြီး သပ်ပေးလိုက်တယ်။
" ကိုယ်ပူနေတယ်။"
ရှောင်းကျန့်က တစ်ကိုယ်တည်း ရေရွက်သလိုတိုးတိုးလေးပြောတယ်။ရိပေါ်က နိုးနေပြီ ဒါပေမဲ့ သူရဲ့မျက်လုံးတွေက ကျိန်းစပ်နေတာမို့ ဖွင့်မရဘူးဖြစ်နေတယ်။အိမ်သားရဲ့ လက်နွေးနွေးကလေးက နဖူးပေါ်ရောက်လာပြီး ဟိုစမ်းဒီစမ်း စမ်းတဲ့အခါ ရိပေါ်နှုတ်ခမ်းပါးတွေက တွန့်ကွေးကုန်ရတယ်။
" အင်း ကိုယ်ဒီနေ့နည်းနည်းနေလို့မကောင်းဘူး။"
" ဘာကိုနည်းနည်းလည်း ကိုတွေဒီလောက်ပူနေတာကို။ခေါင်းကိုက်နေလား မျက်နှာထသစ်နိုင်ရဲ့လား။မဖြစ်သေးပါဘူး ကျွန်တော်ပဲ သစ်ပေးတော့မယ်။"
YOU ARE READING
Thank you for coming to me / Complete /
Fanfictionနွေဦးရဲ့လေပြေလေးလို သကြားခဲလေးလို ဒီလူဟာသူ့အတွက်တော့ အေးချမ်းပြီးအမြဲချိုမြနေမဲ့ အိမ်ကလေးဖြစ်တယ်♡。