Chapter - 8

41 6 3
                                    

** Unicode **

မဟူရာအရောင်ကို လုံးလုံးပြောင်းသွားတဲ့
ကောင်းကင်နောက်ခံမှာ တည်နေတဲ့ ငွေရောင်ကြယ်လေးတွေ မှိတ်ချည်ကွယ်ချည်
ဖြစ်နေတယ် ။ လတ်လတ်ဆတ်ဆတ် မီးဖုတ်ထားတဲ့ ပုစွန်နံ့က လေမတိုက်တဲ့ပတ်ဝန်းကျင်မှာ ခပ်သင်းသင်းဝေ့နေတယ် ။

ဝါးနဲ့လုပ်ထားတဲ့ ပန်းကန်ပြားတွေမှာ လတ်လတ်ဆတ်ဆတ် ပုစွန် သုံးကောင်စီ ၊
ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ဖြူတွေ နဲ့ အသီးတချို့ ။

" ဒါ အနားက ရွာတွေက ဝယ်လာတဲ့ ပုစွန်
လတ်လတ်ဆတ်ဆတ်ပဲ "

ဆရာက ပေါင်မုန့်ကို ပါးစပ်ထဲထည့်လို့
အားရပါးရ ဝါးစားရင်း ပြောတယ် ။
တနေကုန် ပင်ပန်းထားတဲ့အရှိန်ကြောင့်
ဗိုက်ဆာနေတဲ့ နိုအာက ပေါင်မုန့်ကို ကိုက်လိုက် ၊ ပုစွန်ကိုဖဲ့စားလိုက် လုပ်နေပေမယ့်
ဘေးက သောမက္ က ပန်းကန်ကို ထိတောင်
မထိ ။

" သောမက္ ဘာဖြစ်လို့လဲ စားလေ "

နိုအာ ပထမတစ်ခါ မေးတော့ သောမက္ က
ဘယ်လိုမှ မတုန့်ပြန်ဘဲ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ကိုသာ ခပ်ထွေထွေ ကြည့်နေပြီး
နိုအာ က သောမက္ လက္မောင်းကို လှုပ်ပြီး
နှစ်ခါပြန် မေးကာမှ...

" ဆရာ့ကို ချော့ကလက်အနှစ် ရနိုင်မလားလို့
မေးပေးစမ်းပါ "

တခြားအုပ်စုတွေနဲ့ ရောရောနှောနှော မနေတတ်တဲ့ သောမက္ က ဆရာနဲ့တောင် စကား
တိုက်ရိုက် ပြောချင်တဲ့ပုံမပေါ် ။ နိုအာက
ပေါင်မုန့်ပေါ်က ထောပတ်ဝါဝါတွေကို
ကြည့်ပြီး တခုခုကို သဘောပေါက်သွားသလို
ဟက်ဟက်ပက်ပက် ထ ရယ်တယ် ။

" ဘာရယ်တာလဲ "

" ချောကလက်အနှစ် ရှိမှတော့ ဆရာက
ငါတို့က ပေါင်မုန့်မှာ ချောကလက်အနှစ်
သုတ်ပြီး ကျွေးမှာပေါ့ ဂျေးမများစမ်းပါနဲ့
သောမက္ရယ် အရသာရှိပါတယ် "

သောမက္ က ဒူးနှစ်လုံးကို ပိုက်လို့ ဟိုငေး ၊
ဒီငေးလုပ်နေတယ် ။ ဘာမှမစားတဲ့သူ့ကို
ဆရာက သတိထားမိသွားရင် ချော့ကလက်
အနှစ်မရရင်တောင် အနည်းဆုံး မြေပဲယိုလောက်တော့ ရနိုင်မယ်လို့ ထင်နေပုံ ။

SUMMER STORY [ ONGOING] Where stories live. Discover now