Unicode version
“အဂျီ ! ဘယ်သွားမလို့ဆိုတာကိုတော့ ပြောခဲ့ဦးလေ”
ဆိုင်ကို ဆိုးဟွမ်လက်ထဲအပ်ခဲ့ပြီး ယမန့်နေ့ညက ရှန့်ရဲ့ချိန်းဆိုစကားကိုသတိတရနဲ့ အမှတ်ရပြီးသွားဖို့ပြင်နေခြင်းဖြစ်သည်။ တကယ်တော့ ရှန်ချိန်းဆိုလိုက်ပြီးတဲ့ယခင်နေ့ညနေပိုင်းလောက်ကတည်းကဂျီအွန်းက ထိုချိန်းဆိုမှုအတွက် စိတ်လှုပ်ရှားနေခဲ့တာ။
“ခဏလေးပါပဲ၊ ပြန်လာမှာပါဆိုနေ မသိချင်နဲ့တော့”
စွမ်းဆောင်နိုင်သလောက် ခန္တာကိုယ်ကိုသန့်ရှင်းရေးလုပ်ကာ ဆိုးဟွမ်ကိုဆိုင်မှာထားခဲ့ကာ သူကတော့ မပြေးရုံတမယ်အလောတကြီးထွက်လာခဲ့သည်။
အရောင်လွင့်နေတဲ့ဖိနပ်ကလေးအောက်ကခြေလှမ်းတွေနဲ့အတူ ပြိုင်ဖက်ပြီးခုန်ပေါက်နေသည့် နှလုံးသားတစ်စုံလည်းရှိသည်။
စာအုပ်ဆိုင်ကိုရောက်တော့ အပြင်ဘက်ကနေတစ်ချက်လှမ်းကြည့်လိုက်တယ်။ တွေ့ပါတယ် သူ့ရဲ့ ရှန် ကို။
မတွေ့ရတဲ့ နှစ် နှစ်အတွင်းရှန့်ဆီမှာပြောင်းလဲသွားတာ ဘာမှမရှိသလောက်ပါပဲ။ ဂျီအွန်း၏အရောင်ခပ်နွမ်းနွမ်းအင်္ကျီလေးနဲ့ဆန့်ကျင်ဘက် သပ်ရပ်နေသည့်အညိုရောင်ဝတ်စုံကိုဝတ်ပြီး စာအုပ်တစ်အုပ်ကိုကိုင်ကာရပ်နေပုံက တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်အတိုင်းပင်။ လှန်တင်ထားသည့်ဆံပင်တွေမှာတော့ နှဖူးရှေ့ကိုအနည်းငယ်ပြိုကျချင်နေပုံရသည်။
ဆိုင်ထဲကိုမဝင်ခင် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အထဲကိုဝင်သွားလိုက်သည်။ စာအုပ်ဆိုင်ကလူအရမ်းမများဘဲ အတော်အတန်တိတ်ဆိတ်ကာနေသည်။ ဂျီအွန်းက ရှန့်အရှေ့ကိုတည့်တည့်မတ်မတ်လျှောက်သွားလိုက်သည်။
“ဪ..လာပြီလား”
ရှန်ကဖွင့်ကြည့်နေတဲ့စာအုပ်ကို ပိတ်ပြီး အရှေ့ကိုရောက်လာတဲ့ ဂျီအွန်းကိုပြုံးပြသည်။
“လာတာနောက်ကျသွားတာလား”
“မဟုတ်ပါဘူး ကျွန်တော်က ကြိုရောက်နှင့်နေတာပါ”
သေချာသတိထားနားထောင်ကြည့်တော့မှ ရှန်က စကားပြောတာသိပ်ယဉ်ကျေးသည်။ ပုံမှန်အိမ်တော်ကြီးတွေကလူတော်တော်များများက ဂုဏ်လေးအနည်းငယ်မောက်ချင်ကြသည်လေ။ ဂျီအွန်းတို့လိုသာမာန်လူတန်းစားတွေနဲ့ ရှန့်လိုမျိုးယဉ်ယဉ်ကျေးကျေးပြောဖို့ဆိုတာဝေးစွ။ သူတို့မျက်လုံးထဲ ပိုးကောင်တစ်ကောင်လိုသာသဘောထားကြတာ။
YOU ARE READING
𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "
FanfictionShen Ricky ( Shen Quanrui ) × Kim Jiwoong ဒါလီမြို့မှာချယ်ရီတွေမရှိတော့ရင် ငါမင်းကိုဖွင့်ပြောမှာပါ ။