《 17 》

298 36 8
                                    

Unicode version

တလိပ်လိပ်နဲ့တက်လာနေတဲ့ ညို့မှိုင်းမှိုင်းကောင်းကင်ကြီးက မျက်စိရှေ့မှာတင်ပြိုကျတော့မတတ်ဖြစ်နေသည်။ ချယ်ရီတွေဝေတဲ့ဒါလီမြို့ဟာ အရင်ကထက်ပိုတိတ်ဆိတ်နေသယောင်။

မှန်ပြတင်းရဲ့အပြင်ဘက်ကိုမျက်နှာမူပြီး လောကကြီးနဲ့အဆက်အသွယ်ပြတ်နေသယောင်ထင်ရတဲ့ ဂျီအွန်းရဲ့မျက်ဝန်းခပ်မှိုင်းမှိုင်းတွေထဲ မျက်ရည်စတစ်ချို့ရှိသည်။

“ဂျီအွန်း..”

အပြင်ဘက်ကိုမျက်နှာမူထားရက်နဲ့ ဘယ်အချိန်ထဲကလူဝင်လာသလဲဆိုတာ ဂျီအွန်းကသတိမထားမိလိုက်ဘူး။ လွင့်ထွက်နေတဲ့စိတ်နဲ့နှလုံးသားက သူ့ဆီမှာတစ်ချိန်လုံးရှိမနေခဲ့တာ။

“အစ်မဂျီယာ”

လတွေပြောင်းတာ လက်ချိုးရေရင် သုံး၊လေးကြိမ်‌မြောက်။ ရှန်ထွက်သွားတာလည်း အတော်ကြာလှပြီ။ ဂျီအွန်းက တစ်ယောက်ထဲကြိုးစားနေထိုင်ပါ့မယ်ဆိုပြီး အားလုံးကိုလိမ်ညာထားတယ်။ ချောင်ကျသွားတဲ့မျက်နှာနဲ့ အမြဲလိုလိုညို့မှိုင်းနေတဲ့မျက်ဝန်းတွေက မပီမပြင်ရှိနေလိုက်ပုံ။

ဂျီယာက ရှန်ချွမ်ရွေ့အိမ်ထောင်ကျပြီးထဲက ရှန်အိမ်ရဲ့မိသားစုစာရင်းထဲကနေထွက်လာခဲ့ပြီလို့ဆိုတယ်။ ပြီးတော့ ဒါလီမြို့ရဲ့တစ်နေရာမှာပဲ ကိုယ်ထူကိုယ်ထနေထိုင်တယ်။ နောက်ပြီး ဂျီအွန်းဆီကိုလည်းမကြာခဏလာပြီး အဖော်ပြုပေးတတ်သည်။

ဂျီယာ့ကိုမြင်တိုင်း ဂျီအွန်းမေးတတ်တဲ့စကားတစ်ခွန်းက 'ရှန့် သတင်းလေးများမကြားဘူးလား' တဲ့လေ။ ဂျီယာကတော့ သက်ပြင်းအတွင်တွင်ချလို့ အမြဲခေါင်းခါကာငြင်းဆိုတတ်သည်။

“နေမကောင်းဘူးလား ဂျီအွန်း၊ အိမ်ပြန်ပြီးနားနေပါလား”

ဂျီယာက ဂျီအွန်းဘေးနားကခုံမှာဝင်ထိုင်ပြီး ပြောလာခဲ့တော့ ဂျီအွန်းက နှုတ်ခမ်းလေးတွေကွေးရုံမျှပြုံးလို့ ခေါင်းခါသည်။

“ကျွန်တော်ဘာမှမဖြစ်ပါဘူး အစ်မဂျီယာ၊ ရော့”

ခါတိုင်းလိုပဲ မပျက်မကွက်ဘဲ အစည်းလိုက်လေးရှိနေတဲ့ ဒါလီယာပန်းဆယ်ပွင့်ကို ဂျီအွန်းက သူမထံကမ်းပေးလိုက်သည်။

𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "Where stories live. Discover now