Part.8🔞

785 35 0
                                    

Jimin ကားမောင်းရာကို ဘေးကနေ ဆူ"ကြီး
ထိုင်လိုက်လာခဲ့တဲ့‌ Jungkook သည် သူ့အဖေကိုစိတ်ဆိုးနေသည်
အလုပ် မလုပ်ချင်တာ တစ်ကြောင်း ဝါသနာ
မပါတာ တစ်ကြောင်းရယ် Jimin ရဲ့ လက်အောင်ငယ်သားဘဝကနေ နေရမှာဖြစ်လို့ ပိုလို့ပင် အလုပ်မလုပ်ချင်ခဲ့ မလုပ်ချင်ပါဘူး အတင်းငြင်းနေပြန်ရင်လဲ သူများ သားသမီးတွေနဲ့ နှိုင်းယှဉ်ကာ ပြောဆို အနှိမ်ခံရအုံးမည် ဒါကြောင့်မို့ ဘာမှ ပြန်မပြောပဲ
အဝတ်စားချိန်းပြီး Company ကို လိုက်လာခဲ့သည်

ဟဲ့ ဟဲ့
ဟိုမှာ ငါ့သူဌေးလေး လာနေပြီ.....

ဟယ် နင်ကလဲ ငါ့ Bossပါဟ

နင်ကလဲ ငါ့သူဌေးလေးပါဆို.....

Company ထဲတွင် Jimin ရောက်သည်မို့
ဝန်ထမ်းမလေးတွေသည် Jimin ကို
ငါ့သူဌေး ငါ့ Bossဟု လုယှပ်ကာ ငြင်းခုန်နေကြသည်

ဟယ် သူဌေးက ပို"ပြီးချော ပို"ပြီးခန့်လာတယ်
ဟိ...ချစ်ချင်စရာကြီး

ပါစပ်သရမ်းသော ဝန်ထမ်းမလေး အပြောဆိုကြောင့် Jungkook ကြားသွားပြီး နောက်ဘက်သို့ ပြန်လှည့်ခါ ဝန်ထမ်းမလေးကို နှိမ်ကွပ်တော့သည်

ဟိုတစ်ယောက်......ဒီလာပါအုံးး

ဟုတ်ကဲ့ရှင့်...

နင်က ဒီကို အလုပ်လာလုပ်တာလား
လင်လာရှာတာလား နင့်ကို Daddy က အလုပ်"ဖို့ခန့်ထားတာနော် အပိုအလုပ်လာမလုပ်နဲ့
အလုပ်ကိုပဲ အာရုဏ်စိုက်....ငါပြောတာ နားလည်လားး

ဟုတ်...ဟုတ်ကဲ့ရှင့်

အနောက်မှာ Jungkook ပါမလာတော့လို့
Jimin သည် လာရာလမ်းအတိုင်းပြန်လျှောက်လာတော့ ဝန်ထမ်းမလေးကို ရောက်"ချင်း ဖိငေါက် အော်ဟစ်နေသည်ကို တွေ့သွားပြီး Jungkook ကို အတင်း ဆွဲခေါ်လာတော့သည်

Jungkook ....
ဘာလို့ ကောင်မလေးကို အတင်းအော်ငေါက်နေရတာလဲ သူ့မှာ ဘာအပစ်ရှိလို့လဲ မင်းက ခုမှ ရုံးကို ရောက်တာလေ ဘာလို့ တွေ့"ချင်း အမြင်မကြည်နေရတာလဲ

မင်းကိုပြောနေတာတွေ မကြားဘူးလား
ဘာလဲ မင်းက အဲလိုပြောနေတာတွေကို သာယာပြီး နားဝင်ချိုနေတာလား

Jungkook မင်းဘာတွေပြောနေတာလဲ
အခု သူက ဘာတွေပြောနေလို့လဲ

မင်းက ထပ်ကြားချင်နေတော့ ငါပြန်ပြောပြရတာပေါ့ အဲ့ကောင်မက မင်းကို ‌ပိုပြီးချော
ပိုပြီး ခန့်လာတယ်တဲ့ ပြီးတော့ ပြောသေးတယ် ချစ်ချင်စရာကြီးတဲ့ ဟင့်...

မောင့်အပိုင်Where stories live. Discover now