Part.14

426 21 0
                                    

"Morning အဖေ"

"သားနိုးပြီလား"

"ဟုတ်"

"လာလေ အဖေနဲ့အတူမနက်စာလာစားလိုက်"

"ဟုတ်ကဲ့အဖေ"

"အဖေဒီနေ့ companyကိုစောစောသွားရမှာ နိုင်ငံခြားသားဧည့်သည်တွေလဲရောက်မှာဆိုတော့ အဖေကစောရောက်နေမှဖြစ်မှာ"

"ဟုတ် ဒါဆိုသားနောက်မှလိုက်ခဲ့မယ်"

"သားကcompanyကိုလိုက်မလို့လား??

"ဟုတ်တယ် သားလိုက်မှာလေ"

"မလိုက်ပါနဲ့အုံးသားရယ် မနေ့ကမှ ဆေးရုံကဆင်းလာတာ တစ်ရက်နှစ်ရက်လောက်နားလိုက်ပါအုံး"

"မနားတော့ဘူးအဖေ သားနေလို‌့ကောင်းသွားပါတယ် အိမ်မှာနေရင်သားပျင်းလို့ပါ"

"ဟုတ်ပြီ ဟုတ်ပြီ"
"ဒါဖြင့်လဲလိုက်ခဲ့ အဖေ company ကိုသွားနှင့်မယ် သားက သားငယ်နဲ့အတူလာခဲ့ "

"ဟုတ်အဖေ"

"ဒါဆိုအဖေသွားပီနော်"

သူဌေးJeonကားဖြင့်ထွက်သွားပြီး ခဏကြာတော့  JungKook သည် အိမ်အပေါ်ထပ်ကနေ အောက်သို့ဆင်းလာခဲ့သည်
company ကိုသွားဖို့အဆင်သင့်ဖြစ်နေသောJiminသည်  JungKook ဆင်းအလာစောင့်ရင်း သတင်းစာ ဖက်နေခဲ့သည် ထိုအချိန် အပေါ်ထပ်မှဆင်းလာတဲ့ JungKook ကိုမြင်တာနဲ့ ဖက်လက်စ သတင်းစာကိုဘေးချလိုက်ခါ JungKook စီသို့ ထသွားတော့သည်

"မောင်အိပ်ပုတ်လေး အိပ်ယာထနောက်ကျတယ်နော်"

"Hyung.... Daddy ရော...."

"အဖေcompanyကိုသွားပြီ နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့ရမှာမို့လို့တဲ့"

"ဟုတ်လား...ဟူးးးးး"

"မောင်ဘာဖြစ်လို့လဲဟင်  သက်ပြင်းချသံကြီးကပြင်းလိုက်တာ"

"ဘာမှမဟုတ်ပါဘူး ညကDaddyပြောတာတွေပြန်သတိရသွားလို့ ဘာပဲဖြစ်ဖြစ်မောင်အဆင်ပြေပါတယ် Hyung သာ မောင့်ဘေးနားမှာပဲနေ မောင့်အတွက်အရာအားလုံးအဆက်ပြေပြီးသားဖြစ်နေမှာ..."

"ဟွန့် စကားကလဲ တတ်လိုက်တာလွန်ရော"

"ချစ်တာကို Hyungရဲ့"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင့်အပိုင်Where stories live. Discover now