ငါ့သားက လူဆိုးလေးဖြစ်နေတယ် (ယွမ်ရှ)

1K 67 0
                                    

Chapter 123

" ပါပါး အရင်တုန်းက ဒီပြဿနာကို မတွေးခဲ့ဖူးဘူး ..."
စုန့်ထင်ရှန်း ပြောလိုက်သည်။

ဝမ်လေးက လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
" ဒါဆို အခုစဉ်းစားကြည့်ပါလား ..."

စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။ ပထမဆုံးချိန်းတွေ့စဉ်က သူဘာပြောခဲ့သည်ကို တွေးလိုက်မိသည်။
တစ်ခြားတစ်ယောက်ကို ပရောပရည်လုပ်တဲ့ စကားတွေများ‌လား ... ဒါပေမဲ့ ဒီလိုအခြေအနေမှာ ဒီစကားတွေက သင့်တော်ပါ့မလား  မသေချာဘူး ... ဘယ်လိုပဲဖြစ်ဖြစ် ဝမ်လေးက ယွမ်ရှရဲ့အလှကိုချီးကျူးရင်တော့ သူမပျော်မယ်ဆိုတာ သူပြောနိုင်တယ် ...

စုန့်ထင်ရှန်း ပြန်ဖြေလိုက်သည်။
" ဒါဆိုရင် ပါပါးသေချာတွေးကြည့်လိုက်မယ် ..."

သူ့ဖုန်းကိုထုတ်ပြီး " ပထမဆုံး ချိန်းတွေ့တာမှာ သူမအလှကိုချီးကျူးဖို့ သင့်တော်လား " ဟူ၍ အင်တာနက်ပေါ်တွင် ရှာလိုက်သည်။

စုန့်ထင်ရှန်းက မိုင်းကွင်းထဲ လမ်းလျှောက်နေရသကဲ့သို့ ကြောက်လန့်နေမိသည်။ ထို့ကြောင့် သူအလျင်အမြန် ပြန်မဖြေလိုပေ။ ထို့ကြောင့် အင်တာနက်ပေါ်မှ တိကျသေချာသည့်အဖြေရမှသာ ဝမ်လေးကို ပြန်ဖြေလိုက်သည်။
" ပါပါးတွေခဲ့ဖူးသမျှ မိန်းကလေးတွေထဲမှာ သားရဲ့မာမားက အလှဆုံးပဲ .."
.
ဝမ်လေးကြားသည့်အခါ သူက သွေးသောက်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ တုံ့ပြန်လိုက်သည်။

" ဒါပေါ့ ... သားက မလိမ်ဘူးလို့ ပြောတယ်မလား ... သားပြောတာမှန်သမျှ အမှန်တွေချည်းပဲ ... ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးက သားရဲ့မာမားပဲ ..."

သားအဖနှစ်ယောက်လုံးက ချီးကျူးလိုက်သဖြင့် ယွမ်ရှ ချောင်းဟန့်ပြီး နှိမ့်ချစွာပြောလိုက်သည်။
" အဲ့လိုလည်း မဟုတ်ပါဘူး ..."

စုန့်ထင်ရှန်းထံမှ ချီးကျူးခြင်းခံရသည်က မမျှော်လင့်စရာပင်ဖြစ်သည်။ ကလေးတစ်ယောက်၏ မျက်လုံးထဲတွင် သူ၏အမေကသာ အမြဲတမ်း အလှဆုံးဖြစ်နေတတ်သည်။ သို့ရာတွင် စုန့်ထင်ရှန်းက ထိုစကားများကို လေးနက်စွာပြောလိုက်သဖြင့် သူမ မပြုံးပဲ မနေနိုင်တော့ပေ။

ငါ့သားက လူဆိုးလေးဖြစ်နေတယ် (ယွမ်ရှ)Where stories live. Discover now