အပိုင်း။၂၆။

685 119 140
                                    


"ယွန်းဂီနည်းနည်းလောက်ထပ်စားလိုက်နော် ဒါမှဆေးသောက်ရင်နေသာထိုင်သာရှိမှာ"

"................"

"ယွန်းဂီကိုယ်ပြောတာကြားလား
ကောင်လေးငယ်...."

ဟုတ်၏ယွန်းဂီဟာစိတ်ဖိစီးမူ့တွေအပြင်းထန်ခံစားရအပြီး သူ့မေတ္တာတွေကိုစတင်ရရှိချိန်မှ
သူ့ညီရဲ့မလုပ်သင့်မလုပ်အပ်တာတွေကိုလုပ်ခဲ့အပြီးတွင်
သူ့ကိုထပ်မုန်းသွားလေမလားစိတ်နဲ့မင်မှာသူ့ကိုယ်သူသတ်ပြီးပြန်ထအလာတွင် စကားမပြောတော့ပေ...

မပြောတတ်တော့လို့ထက်စိတ်ပင်ပန်းမူ့တွေအပြီးစိတ်ထိခိုက်ကာခဏတာဆွံ့အနေတာမျိုးသာသမားတော်တွေကတော့လအတန်ငယ်ကြာရင်စကားပြန်ပြောမှာဟုပြောသော်လည်းသူစိတ်ပင်ပန်းနေတာကိုမြင်ရတော့သနားနေမိ၏။

အခုကတော့ နန်းတော်ထဲ
အကျယ်ချုပ်ပုံစံနေနေရသော
သူတို့နစ်ယောက်...ကင်မ်ဘုရင်ဟာသူ့တို့ကိုအကျယ်ချုပ်သဘောနေခိုင်းထားတာကိုခံရ၏ဒါဟာလည်းလုပ်ထုံးလုပ်နည်းတွေအတိုင်း ပညာရေးအမတ်ဟာ
သစ္စာဖောက်သဘောမျိုးသက်ရောက်ခဲ့တာမို့
အခုလိုအထားခံရခြင်းသာ....

အဆောင်တော်ကလည်းအကျယ်ကြီးအပြင် လိုလေသေးမရှိထားကာသမားတော်တွေနေ့ညစောင့်ကြပ်ပေး၏

"လာပါအုံး ကောင်လေးငယ်
အိပ်အုံးမလားအိပ်ရင်ကိုယ့်ချော့သိပ့်မယ်..."

​ပိုးဖဲသားတွေကြားဖြူဖွေးစွပ်နေသူလေးဟာအခုလိုမုဒိတာစိတ်နှလုံးသားကချစ်တဲ့စိတ်နဲ့
ကြည့်မိတော့သနားစရာအရမ်းကောင်း၏

သက်ပြင်းလည်းတချချပါပဲ
ဒီကောင်လေးဟာသူမုန်းတာကိုထပ်ခံရမှာဆိုး၍သေလမ်းကိုပါရွေးခဲ့တဲ့အထိလေ....

"ကောင်လေးငယ်
စိတ်ကိုလျှော့လိုက်ပါ
ကိုယ်ကောင်လေးငယ်ကိုဘယ်တော့မှစိတ်မကွက်တော့မှာမို့ နေသာကောင်းအောင်နေရမယ်နော်"

အခုတော့သူ့လက်မောင်းကြားထဲမျက်ရည်တွေနဲ့အိပ်သွားပြီဖြစ်သောပန်းနုရောင်ပိုးသားဝတ်ရုံလေးနဲ့ကောင်လေးမျက်ရည်တွေကိုသုတ်ပေးရင်းသူစကားတွေဆိုနေမိ၏။

အမုန်းသွေးဖြင့်ရေးသော...(Completed)Where stories live. Discover now