အပိုင်း။၅၁။

449 81 21
                                    

အေးစက်နေသောလေအေးတွေ
မဲမှောင်နေသော
တောထဲပြေးဝှေ့လို့နေခဲ့၏

ထိုလေအေးတွေနဲ့အတူ
ရှိုက်သံပြင်းထန်စွာရူထုတ်နေသောအသက်ရှူသံလေး

"နေခြည်အရမ်းမောနေလားဟင်
ကိုယ်ကြောပိုးပေးမယ်လေနော်"

"ရတယ် မလိုဘူး"

ကောင်းကင်ပေါ်ကကြယ်ရောင်အားလေးနဲ့  သူ့မျက်နာအားစိမ်းစိမ်းကြည့်ကာငြင်းလွတ်ပါသော

"အရမ်းမောနေရင်ပြောနော်
ကိုယ်မင်းကိုကြောပိုးသွားမယ်"

ထိုစကားကြောင့်နေခြည်ဟာ
နုတ်ခမ်းကိုက်လိုက်မိ၏

"ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့
​ခြေထောက်နဲ့ချီပြီးလူကို
ကျသေအောင်လုပ်ချင်နေတာလား တောက်!!!"

"အဲ့လိုမဟုတ်ရပါဘူး
ကိုယ်မပြုတ်ကျအောင်ချီပိုးနိုင်ပါ်တကယ်နေခြည်ရယ်"

"မလိုဘူး ထပ်မပြောနဲ့
ငါဒေါသမဖြစ်ချင်ဘူမ"

နေခြည်စိတ်ရူတ်သွားပြီဆိုတဲ့စိတ်နဲ့သူဟာချီမယ်အရေးအားလက်လွတ်လိုက်ကာ ဘေးကနေကိုယ်လေးအားတွဲကူပေးနေခဲ့၏

ဓားလျှိုစစ်သားတစုကတော့ရှေ့ကိုအတော်လေးရောက်နေခဲ့ပေမယ့်သူကခြေထောက်နာနေတာရယ် နေခြည်ကကိုယ်ဝန်နဲ့မို့လူကြီးတယောက်နဲ့နောက်ကနေနိုင်သလောက်လေးလိုက်ပါနေခဲ့၏

အလင်းရောင်မရှိသေးသော
မနက်သုံးနာရီ၊ လူစိမ်းတွေကြား
ရောက်နေသော သူတို့နစ် ယောက်

တော်တော်ကိုနက်ရှိုင်းသော
တောအတွင်းဘက် ကို
ဝင်သွားရသည့်အပြင်
ကွေ့ဝိုက်ကြီးငယ်ခက်ခဲစွာသွားယူရသောတောလမ်းမရှိလမ်းများ

လမ်းရှိရင် လူတွေရှိနိုင်မှန်း
ရိပ်စားနိုင်သဖြင့်လမ်းမရှိ အမှတ်သားမရှိသောနေရာများ

ခက်ခက်ခဲခဲ
တောင်ပေါ်ကိုထပ်တတ်ရပြီး
အုပ်မှိုင်းအေးစက်နေသော စခန်းအား မနက်နေထွက်ခါနီးမှရောက်လာခဲ့ရ၏

======

သဲအိမ်ပုံစံအိမ်ငယ်များ
မီးပုံများနှင့် နိုးနေကြပြီဖြစ်သော
သူပုန်တချို့နှင့်စခန်းကင်းစောင့်ကြသူများဟာသူတို့နစ်ဦးဟာသေချာကြည့်နေ၏

အမုန်းသွေးဖြင့်ရေးသော...(Completed)Where stories live. Discover now