ဘာကြောင့်မှန်းမသိ?

3 0 0
                                    

ငါ အရမ်းအားနာမိနေတယ်
ငါလေ သစ္စာဖောက်မိသလိုခံစားရတယ်
ငါအမှန်တကယ် မင်းကို ချစ်ခဲ့တာပါ
ငါမောင့်ကို ရွေးချယ်မှာမို့ မင်းတသက်လုံးငါ့ရှေ့ကနေပျောက်ကွယ်သွားပေးပါ့လား

ရူးတော့မလိုပါပဲကွာ
မင်းသိပ်ချစ်ရတဲ့ နှင်းဆီက သေဆုံးသွားပြီ

ငါက မောင့်ရဲ့နေကြာလေးအဖြစ်ပဲ ဆက်လက်ရှင်သန်တော့မယ်

မင်းသိလား နှင်းဆီကလေ သူ့ရဲ့မာနနဲ့ဆူးတွေအရိုက်ချိုးခံပြီး မင်းကို အသုံးတော်ခံစေခဲ့တာ

တန်ဖိုးမှမထားခဲ့ပဲ အမှိုက်တစ်စလို စွန့်ပစ်ခဲ့တာ လေ

နေကြာတွေလို မောင့်ကိုငေးကြည့်မယ် မောင်က ငါ့အတွက်ရှင်သန်မှုအနေနဲ့ပဲ ရှေ့ဆက်မယ်

ထပ်ချစ်ဖို့လား မဖြစ်နိုင်တော့ဘူး

မင်းမရှိတော့တာမို့ နှလုံးသားတစ်စုံသာသေဆုံးနေပြီလေ...

ငါ့ရဲ့ချစ်ရတဲ့ လူသားလေးက ‌ငါ့ကိုသေဆုံးစေရတဲ့ အကြောင်းရင်းတဲ့

ဟဟ ငါတကယ် အများကြီးချစ်တက်ခဲ့တာပဲ

မုန်းတယ် သိပ်မုန်းတယ်

သိပ်လည်းချစ်တယ်

ချစ်လွန်းလို့ မုန်းပစ်ချင်ခဲ့တာ

တိမ်စိုင်ငယ်💭Where stories live. Discover now