Part 1

2.2K 71 3
                                    

Beginning For The End -1

"ကျွန်တော်ခြေထောက် ... ကယ်ကျပါအုံးး ဆရာတို့ရယ် ကျွန်တော် တစ်ကယ် နောင်တရနေပါပြီးး... အဲ့ ဒေါက်တာကြောင့် .... ကျွန်တော်ခြေထောက်တွေ ... ခြေထောက်မရှိရင် ...ဒေါက်တာ ...ဟုတ်တယ် ...ဒေါက်တာကြောင့် ...ကူညီကျပါအုံးး "
"မင်းပါးစပ်အခုထိမပိတ်သေးဘူးလား မင်းခြေထောက်ဘာမှမဖြစ်ဘူး .. ဒေါက်တာလေး စေသနာကိုစော်ကားမနေနဲ့ ဟိုကမင်းကို သေချာကုပေးလိုက်တာ "
"ကျွန်တော် ခြေထောက်မရှိဘဲမနေချင်ဘူးး ..... "

"ယွီပင်း "
"ဟုတ်ကဲ့ ကပ္ပတိန် ၀မ်"
" အဖွဲ့  နှစ်မှာ ဘာဖြစ်နေတာလဲ ဆူညံနေတာဘဲ "
" အဖွဲ့ နှစ်က ဒီနေ့ မူးရစ်ရာဇာ လောင်ချောင် ကိုဖမ်းမိခဲ့တယ် ကပ္ပတိန် ဒါပေမဲ့ လောင်ချောင်ခြေထောက်က တစ်ခုခုဖြစ်နေပုံဘဲ"
"သူ ဖျက်စီးခဲ့တဲ့ ဘ၀တွေ နည်းတာမှ မဟုတ်တာ သူ့အလည့်ကျ ကြောက်နေလို့မဖြစ်ဘူးလေ "

၀မ်ရိပေါ် အသက် ၂၂ နှစ် ငယ်စဉ်ကတည်းက မိဘမဲ့ ကျောင်းမှာကြီးပြင်းလာပြီး အထက်တန်းပြီးတာနဲ့ ရဲတက္ကသိုလ် ကိုရွေးခြယ်ခဲ့တယ်။   ရဲသင်တန်းရဲ့ အပတ်စဉ်တိုင်း အမှတ်အများဆုံး ရပြီး လေးနှစ်တာ သင်ကြားမူမှာ ထိတ်ဆုံးအဆင့်နဲ့အောင်မြင်ခဲ့တယ်။ သင်တန်းဆင်းပြီးပြီးချင် နေ့မှာ  ဌာဏအသီးသီးက လျောက်လွှာပို့ပေးခဲ့တယ် ... နှစ်စဉ်ရမှတ်နဲ့အရည်အချင်းက ထိတ်ဆုံးပြေးနေတဲ့ သူ့ကို ဌာနတိုင်းက အမိအရလိုချင်နေကျတာ ဖြစ်သင့်တာဘဲလေ။
ရွေးချယ်မူတွေ များတဲ့ကြားက ရိပေါ်က ပေကျင်းအပြည်ပြည်ဆိုင်ရာ ရဲစခန်းရဲ့ မူးရစ်တိုက်ဖျက်အဖွဲ့ကို၀င်ရောက်ခဲ့တယ်။
သင်တန်းသားတစ်ယောက်အနေနဲ့ သင်တန်းဆင်းပြီးပြီးချင် ဌာနက အလုပ်လျောက်လွှာအောင်ခဲ့ရင်တောင် လက်အောက်ငယ်သားရာထူးက တာ၀န်ထမ်းဆောင်ရပင်မဲ့ ၀မ်ရိပေါ် အတွက်တော့ ကပ္ပတိန်ဆိုတဲ့ ရာထူးကိုတန်းရခဲ့တယ်.. မည်သူတစ်ဦးတစ်ယောက်ရဲ့ အကူညီမှ မပါဘဲထိုနေရာကို ရောက်လာတဲ့ ၀မ်ရိပေါ်က လက်အောက်ငယ်သားတစ်ချို့ အလိုမကျတာ သိပင်မဲ့ စကားလုံးတွေနဲ့ ဖြေရှင်းရမဲ့အစား အလုပ်နဲ့ သက်သေပြခဲ့တယ် ။
အခုဆို ဌာနရဲ့ လက်အောက်ငယ်သားကမက အကြီးကဲတစ်ချို့ကပါ ကပ္ပတိန်၀မ် ... ကပ္ပတိန်၀မ် ဆိုပြီး နှုတ်ကမချအောင် ပြောစမက်တွင်းကျတယ်။
၀မ်ရိပေါ် လုပ်ဆောင်ခဲ့တဲ့ မစ်ရှင်တစ်ခုချင်းစီတိုင်းက တိကျသေချာပြီး အမှားယွင်းမရှိ အောင်မြင်တာကြောင့်လဲ ပါပါမယ်။
အသက်ငယ်ငယ်နဲ့ တိုင်းပြည်အကျိုးပြုနေတဲ့ ကပ္ပတိန်၀မ်က အရာရှိအသိုင်းအဝိုင်းကမိခင်များနှုတ်ဖျား‌တွင်တော့ သားမက်လေး ၀မ်ဆိုပြီး နာမည်ကြီးလေ့ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ အေးစက်တဲ့ နှလုံးသားပိုင်ရှင်က မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်၀င်စားခြင်းမရှိသေးပါ။

Beginning For The End (Complete)Where stories live. Discover now