Part 7

506 18 0
                                    

Beginning For The End -7

လက်နက်အပြည့်စုံ၀တ်ဆင်ပြီး ဆေးတပ်သားတွေ နောက်ဆုံးပြန်ပေးဆွဲခံရတဲ့ အခင်းဖြစ်သွားရာနေရာကို ရိပေါ် အရင်ဆုံးစစ်ဆေးမိတယ်။ သက်သေအချက်လက်မကျန်ဘဲ ၀င်ရောက်စီးနှင်းသွားတဲ့ ခြေရာလက်ရာဘဲ မြင်ရပြီး ကျန်တာဘာတစ်ခုမှ မတွေ့ရဘူး။
" ကျစ်.. ခြေရာလက်ရာမကျန်အောင် ဖျောက်သွားတာဘဲ "
" အရာရှိ ..အရာရှိ‌ေလးက ဟိုတစ်ခါ ‌ဆရာ၀န်လေးနဲ့ပါလာတဲ့ တစ်ယောက်မလား "
" ဟုတ်ပါတယ် ဦးလေး "
" အရာရှိလေး  ဦးလေးအိမ် ခဏလိုက်ခဲ့ပါလား "
" ဟိုလေ ဦးလေး ကျွန်တော် အခုအရေးကြီးကစ္စရှိလို့ပါ ဟို..."
"မကြာပါဘူး အရာရှိကြီး ခဏပါဘဲ ဒီမှာပြောလိုအဆင်မပြေလိုပါ .."
" ဦးလေး ကျွန်တော်အခု  ..."
" အရာရှိလ လာတဲ့ကစ္စကို ဦးလေးသိပါတယ် အဲ့ကြောင့် ခဏလောက် လိုက်ခဲ့နော် ဒီနေရာက စကားပြောလို့အဆင်မပြေလို့ "
" ဦးလေးဘာကိုပြောချင်တာလည်း မဟုတ်မှ.. ဦးလေး ခဏစောင့်ပါအုံး "

"အရာရှိလေး အိမ်ထဲ၀င်သွားလိုက်နော် ဦးလေး ဆေးကြိုထားတာလေးသွားယူပြီး လိုက်ခဲ့မယ် "
" ဦးလေး..."
'နယ်ခံဖြစ်တဲ့အပြင် အခုလိုအိမ်ထိခေါ်လာပုံထောက်  ပြန်ပေးဆွဲသွားနဲ့ပတ်သက်ပြီး တစ်ခုခု သိထားတာကြောင့် ဖြစ်လိမ့်မယ် '
အန္တာရယ်ပြုမဲ့ပုံလည်း မပေါ်တာကြောင့် ရိပေါ် အိမ်ထဲ ၀င်ဖို့စုံးဖြတ်ချက်ချလိုက်တယ်။ တစ်ခုခုသိရလည်း ဘာမှမသိရတာနဲ့စာရင် အမြတ်ဘဲလေ ။  အိမ်ထဲ ၀င်၀င်ချင် ကုတင်ပေါ် လှဲနေတဲ့ သူကြောင့် ရိပေါ် ပထမဆုံး နှုတ်ကထွက်မိတဲ့ နာမ်စားလေးတစ်ခု။

"ကျန့်ကော... ကျန့်ကော ဘယ်လိုဖြစ်ပြီး"
" အရာရှိ‌လေးကို ခေါ်လာတာ ဒါကြောင့်လေ ဒေါက်တာလေးကိုတွေ့တော့  လက်မောင်းက ဒဏ်ရာကြောင့်သွေးထွက်လွန်ပြီး သတိမေ့နေတာ  စခန်းကိုသတင်းပေးဖို့ကျ စောင့်ကြည့်နေတဲ့ မျက်၀န်းတွေရှိနေလို့လေ ဦးလေးအိမ်ကိုခေါ်လာခဲ့တာ .. အရာရှိလေးက ဟိုတစ်ခါ ဆရာ၀န်လေးနဲ့ပါလာတာမို့ ယုံကြည့်လိုရမယ်ထင်လို့ အိမ်ကိုခေါ်လာခဲ့တာ "
" ကျန့်ကော ..အခြေအနေကစိုးရိမ်ရလား ..."
"မစိုးရိမ်ရတော့ပါဘူး.. သွေးထွက်လွန်ထားတဲ့အတွက် သတိမေ့နေတာ  မကြာခင်သတိရလာပါလိမ့်မယ် .."
"ကျေးဇူးတင်ပါတယ် ဦးလေး အခုလိုကူညီပေးတာ"
"မလိုပါဘူး.. ဒေါက်တာလေးက ဦးလေးတို့‌အပေါ် ကျေးဇူးအများကြီးရှိပါတယ် ရောက်လာတာမကြာသေးပင်မဲ့ ဒေါက်တာလေးကြောင့် အသက်ရှင်တဲ့ သူတွေ အများကြီးပါ "

Beginning For The End (Complete)Where stories live. Discover now