အပိုင်း - ( 3 ) Zawgyi

434 21 1
                                    

အခန်း (၃) - သူယူမယ်

    ( Ocean - ဒီ Novel လေးက slowburn ပုံစံပါဗျ။ဗြုန်းစားကြီး ချစ်သွားကြမှာမျိုးမဟုတ်ပဲ MC ရော ML ရောက တစ်ယောက်အပေါ်တစ်ယောက် သတိအပြည့်နဲ့ဆက်ဆံကြပြီးမှ တဖြည်းဖြည်း Charater development ဖြစ်လာတာမျိုးပါ။ Slowromance မကြိုက်တဲ့သူတွေက စိတ်မရှည်ဖြစ်နေကြမှာစိုးလို့။ဒါပေမဲ့ မပူပါနဲ့။ ရည်းစားကတော်ရုံမဖြစ်ကြပေမယ့် ခွေးစာတွေ နေရာအနှံ့ပြန့်ကျဲနေလို့ အမီလိုက်ကောက်ရမှာပါ။စကားပြောတာ များသွားပြီ။Enjoy ပါဗျ။ )

  ဘာနီက အန်းကျင်းပုံတွေရိုက်လို့ပြီးသွားတော့ အခန်းထဲက ထွက်သွားသည်။

     ဆရာဝန်က ဒူးထောက်လိုက်ပြီး ငါးတွေထည့်ထားသည့် ပုံးထဲက ခပ်ရှည်ရှည် ငါးပြားတစ်ကောင်ကိုထုတ်ပြီး အန်းကျင်းဆီ လှမ်းပေးလိုက်၏။ " ဒါက အရမ်းအရသာရှိတာ ၊ မင်းကြိုက်လား ? "

    အန်းကျင်းက သူပြောတာကို နားမလည်သော်လည်း သူပြောချင်တာကို သဘောပေါက်သည်။ဒါကြောင့် သူပြုံးပြလိုက်ပြီး ငါးကို လှမ်းယူလိုက်၏။သူက လက်သည်းတွေကို ဓားအဖြစ်အသုံးပြုပြီးငါးကို ဘယ်လက်ထဲမှာကိုင်ကာ ညာလက်ဖြင့် လှီးဖြတ်လိုက်သည်။အသားလွှာလေးတစ်ခုစားပြီးနောက် သူရပ်လိုက်ကာ ဆက်မစားတော့ပေ။

     ငါးကအရသာရှိပြီးသားပင်။နောက်ပြီးထူးခြားချက်အနေဖြင့် ငါးပေါ်က အနက်ရောင်အစက်လေးတွေကြောင့်လားတော့မသိ နည်းနည်း ခါးသက်သက် ညှီသလိုလို အရသာလေးရနေ၏။ထိုငါးပြားကိုစားလိုက်ပြီးနောက် သူ့ရဲ့ ရေစွမ်းအင်ကို တိတ်တိတ်လေးသုံးကြည့်လိုက်ရာ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတစ်ချို့ဖြစ်သွားတာကို သတိပြုမိလိုက်သည်။ဆရာဝန်က ငါးပြားကို စားပြပြီးပြီဆိုပေမယ့်လည်း ဒီငါးပြားက ဆရာဝန်ပေးထားတဲ့ဟာပဲမို့ သူနည်းနည်းတော့ စိတ်ပူနေမိသေးသည်။

    ကမ္ဘာမပျက်ခင်အချိန်တုန်းက အခွင့်ထူးခံလူတန်းစားဘဝနဲ့နေခဲ့တာမို့ နုံတုံတုံ အတတနှင့် အတွေ့အကြုံမရှိ အပြစ်ကင်းသော သူတစ်ယောက်ဖြစ်ခဲ့၏။ ကမ္ဘာပျက်ကပ်လည်းပြီးရော သူဟာ အရမ်းကို သတိရှိရှိနဲ့ မနေသွားတတ်ခင်မှာ ဆုံးရှုံးမှုတွေ အများကြီးကို ခံစားခဲ့ရသည်။သူ့ရေစွမ်းအင်ဟာလည်း အားနည်းလွန်းလို့ ပထမအဆင့်တောင်မရောက်ပေ။ဒါကြောင့် သူက မရဲတရဲ အသားတစ်လွှာလောက် စမ်းစားကြည့်တာမျိုးလောက်သာ လုပ်ရဲ၏။

ရေသူထီးလေးဖြစ်လာပြီးနောက်ပြုစုပျိုးထောင်ခံရတယ်(ဘာသာပြန်)Where stories live. Discover now