"ဟုတ် ကျွန်တော်ညဝင်ခဲ့မယ်နော်"
လူပါးသောကောင်ဖီဆိုင်၏ထောင့်တွင်ကောင်လေးတစ်ယောက်ထိုင်ကာဖုန်းပြောနေခြင်း။စားပွဲပေါ်တွင် Laptop လေးတစ်လုံးနှင့်စာအုပ်များတင်ထားသောကြောင့်ကျောင်းသားတစ်ယောက်မှန်းတန်းသိနိုင်ပါသည်။အင်း..စာတော်တဲ့ကျောင်းသားတစ်ယောက်လို့ပြောရင်ပိုမှန်မှာပေါ့။
"ဒါပဲနော်"
ဖုန်းပြောပြီးသွားတော့စားပွဲပေါ်တွင်ချထားသောကော်ဖီခွက်လေးအားမော့သောက်လိုက်တာကြောင့်အတန်ငယ်ရေဆာနေပုံရသည်။
အအေးသောက်နေရင်းမှလက်တွင်ပတ်ထားသောနာရီလေးအားငုံ့ကြည့်လိုက်တော့မထင်မှတ်ထားသောအချိန်ကိုပြနေတာကြောင့်မျက်လုံးပြူးသွားကာအရသာခံသောက်နေသောအအေးဘူးအားအမြန်ချရသည်။
"3 နာရီ ခွဲ!! မဖြစ်ဘူး library ကိုဒီအချိန်သွားမှ!!"
အသံတိတ်အော်လိုက်ပြီးနောက်စားပွဲပေါ်တွင်တင်ထားသောပစ္စည်းများအားဘေးခုံရှိလွယ်အိတ်ထဲသို့အလျင်စလိုထည့်သိမ်းရလေသည်။
6 နာရီအတိပိတ်သောစာကြည့်တိုက်သို့အချိန်မှီရောက်ရန်အခုကတည်းကခြေလှမ်းသွက်သွက်ဖြင့်ထွက်ရမည်ဆိုတာကိုသွားနေကြဖြစ်သောသူတစ်ယောက်မို့သိပြီသားပင်။ဘတ်စ်ကားစောင့်ရမှာနဲ့၊စာအုပ်ရွေးမှာနဲ့၊စာအုပ်ရှာမှာနဲ့ဆိုဒီအချိန်လောက်ထွက်မှသာကွက်တိကျမည်ဖြစ်သည်။
"အာ့! ကျောင်းသားကဒ်!!"
ပစ္စည်းများသိမ်းပြီးတော့ဖုန်းတစ်ဖက်၊လွယ်အိတ်တစ်ဖက်ဖြင့်အပေါက်ဝသို့ဦးတည်ပြီးမှအရေးကြီးဆုံးပစ္စည်းအားကျန်ခဲ့သောကြောင့်နောက်ပြန်လှည့်ရသည်။
ထို့နောက်စားပွဲခုံပေါ်ရှိအဖော်မဲ့ငြိမ်သက်စွာနေရာယူထားသောကျောင်းသားကဒ်လေးအားယူရလေသည်။"အရေးအကြီးဆုံးကိုမှမေ့ရတယ်လို့!! ဟူး..သတိရလို့ တော်သေးတယ်.."
မကျေနပ်စွာပြောကာခြေလှမ်းများအားကော်ဖီဆိုင်အပေါက်ဝသို့ပြန်ဦးတည်လိုက်သည်။
"Ting!"
ထိုစဉ်ကျောင်းသားကဒ်မကိုင်ထားသောလက်ထဲရှိဖုန်းမှ noti ဝင်လာတာကြောင့်ဖုန်းအားတစ်ချက်ကြည့်လိုက်မိသည်။