Part 3

161 19 0
                                    

"Kim Taerae ဟုတ်တယ်မလား?"

"ဟုတ်ပါတယ်"
"ဘယ်သူလဲမသိဘူး"

"Ricky ရဲ့သူငယ်ချင်းပါ"
"Taerae နဲ့ Ricky တွဲနေတာအမှန်ပဲလားခင်ဗျ"

Notification အသံတတောင်တောင်မြည်နေသောဖုန်းအား Taerae စိတ်ပျက်စွာကြည့်နေမိသည်။
Library မှာစာလုပ်နေပါတယ်ဆိုမှဘယ်က unknown number တွေလာနှောင့်ယှက်နေတာပါလိမ့်..။

"အနှောင့်အယှက်ဖြစ်ရင် Noti ပိတ်ထားလိုက်လေ Taerae"

"အင်း ပိတ်မလို့ပဲ"

အရှေ့တွင်ထိုင်နေသောသူငယ်ချင်းဖြစ်သူ Park Hanbin လည်းသတိထားမိဟန်ဖြင့်ပြောသည်။
ထို့ကြောင့်လည်းဖုန်း notification အားပိတ်လိုက်ရင်း seen ပြထားပြီးသောစာအား reply ပြန်၍နောက်စာတွေကိုလျစ်လျူရှုရန်စိတ်ကူးမိသည်။

"ဟုတ်ပါတယ်"
"ကျွန်တော်တို့နှစ်ယောက်ကတွဲနေကြတာပါ"

တွဲတာဖြင့်တစ်လပြည့်တော့မည်။အခုထိမသိသေးသူတွေရှိသေးတာပဲ..။
ပြီး Ricky ရဲ့သူငယ်ချင်းဆို ပိုပြီးတော့တောင်စောသိထားရမှာမဟုတ်ဘူးလား..။ရိုးရိုးအတန်းဖော်မို့လို့ပဲ၊အရမ်းမခင်လို့ဘဲ မသိသေးတာများလား..?
အတွေးပေါင်းများစွာဖြင့် Reply ပြန်ပြီးဖုန်းအားပိတ်ရန်ပြင်လိုက်ချိန် ထပ်ရောက်လာသော Message မှာဖုန်းပြန်ပိတ်ရန်စိတ်ကူးအား အဝေးသို့ပို့စေလိုက်သည်။

"ကျွန်တော် မနေ့က Bar မှာ‌ကောင်မလေးတစ်ယောက်နဲ့ Ricky ကိုတွေ့လိုက်လို့ပါ"
*photo*
*photo*
*photo*

သက်သေပုံများနှင့်တကွ သူ့ဆီရောက်လာသောစာတိုအားဖတ်ကာ Taerae ခဏလောက်ဘာခံစားချက်မှမဖြစ်ပေါ်မိသေးဘဲငြိမ်သက်နေ‌သေးသည်။
အခြေအနေအားနားမလည်သေးဘဲ ကြောင်သွားသည်ဟုပဲ ဆိုရမလား..။
ထို့နောက်မှတဖြည်းဖြည်း ဝမ်းနည်းစိတ်များရင်ထဲပြည့်လျှံလာကာ မျက်လုံးမှာအရည်ကြည်များနှင့်အနည်းငယ် ဝေဝါးသွားသည်။
ပို့‌လာသည့်မှာ Ricky နှင့် ကောင်မလေးတစ်ယောက်ပုံများပင်။
Ricky ၏သူငယ်ချင်းကောင်မလေးတော်တော်များများအား Taerae မြင်ဖူးပါသောမလည်း ဒီတစ်ယောက်ကိုတော့ မမြင်ဖူးပေ။
တစ်ပုံချင်းစီကို‌အ‌သေးစိတ်သေချာကြည့်နေမိရင်း ဝမ်းနည်းစိတ်ထက် ဒေါသစိတ်များပိုလာမိသည်။နှစ်‌ယောက်ဖက်ထားသောပုံများ၊လက်ကိုင်ထားသောပုံများ..ထို့နောက်...နမ်းနေသောပုံများ..။
ပုံများမှာ ကောင်မလေး၏မျက်နှာအား မြင်ရပါသော်လည်း Ricky ကိုတော့ နောက်ကျောဘက်မှ ရိုက်ထားသောခြင်းပင်။
တကယ်ဆို ဘယ်ဆီကမှန်းမသိတဲ့ ဖုန်းထက် Ricky အားမေးမြန်းကာ ယုံရမည်ဖြစ်သော်ငြား အခုချိန်‌တွင်တော့ ဒေါသစိတ်က လွှမ်းမိုးထားရာ Ricky အားအယုံအကြည်မရှိတော့။

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

_Daydreaming_Where stories live. Discover now