အပိုင်း ၂၄

55 3 0
                                    

(၂၄)

စာမေးပွဲခန်းထဲ နွေဆူးမှာ တဝှါးဝှါးသန်းရင်း အိပ်ငိုက်ချင်နေသည်။အပိုင်ရသည့် မေးခွန်းတွေ ပါလာပေမဲ့ လက်ကမလှုပ်ချင်တော့။ပိုဆိုးသည်က တဖြေးဖြေး အိစင်းလာတဲ့ မျက်လုံးတွေကြောင့် ရေးလက်စ စာလုံးတွေပင် ပြားကုန်သယောင်။

ငါ့အတင်း ဘယ်သူပြော.!!!!

"နာရီဝက်ပဲ ကျန်တော့တယ်နော်..ငေးမောမနေပဲ ကောင်းကောင်းဖြေပါ"

မျက်နှာကို အစွမ်းကုန် တည်တင်းကာ မထွက်တဲ့ အသံကို ညစ်နေသူ..၊ ပပဝင်းခင်အသံနှင့် ဆင်သည့် နွေဆူးတို့ ဆရာမ။စိတ်ထားကောင်းပြီး အမြဲတစေ ပြုံးတတ်လွန်းသူမို့ ဒေါ်ပြုံးပန်းဝေလို့တောင် တကျောင်းလုံးကကင်ပွန်းတပ် ပေးခဲ့တာလေ။

သူက ခုလိုမျိုးဆိုတော့..ထပဲ ရယ်ရလေမလား..လန့်ဖြန်ပြီးပဲ ရပ်လိုက်ရလေမလား..သေချာသည်တော့ တခိခိနဲ့ ကြိတ်ရယ်ကြသူချည်း။နွေဆူးတော့မရယ်မိပါချေ..ကျေးဇူးတင်စွာနဲ့ အောင်မှတ်ရအော​င် ​ဆက်ဖြေနေလိုက်၏။

ပြီးပြီကွ!!!

နွေဆူး ပစ္စည်းတွေကို အိတ်လေးထဲပြန်ထည့်ပြီး သံချောင်းခေါက်သံကို နားစွင့်မိ၏။

--------

ဆူညံလှသော လူအုပ်ကြီးထဲ စမ်းရေမှာ ညပ်သပ်နေ၏။အရေးထဲကျောင်းသားများကြားထဲ မိဘများမှာ အလုအယက်။အထက်တန်းကျောင်းလည်းဖြစ်ပြန် စာမေးပွဲကာလမို့ ထွက်ပေါက် တခုသာ ထားသောကြောင့် တော်တော်နှင့် လူစုကမကွဲ။

"စမ်းရေ..ငါဒီမှာ!!"

ဝင်ပေါက်မှ ဆရာများထိုင်သော ထိုင်ခုံပေါ်တက်၍ လက်ပြနေသော ကိုကြီးဘဲပု။ကျောင်းတွင်းစစ်မို့ စမ်းရေတို့ အခန်းမှာ အခန်းစောင့်ကျ၏။သိပ်မကြာခင်ကမှ စာဖြေခန်းက သူနှင့်အတူ ထွက်လာတာ။ခုတော့ ဘယ်လိုကနေ ရှေ့ရောက်နေ။

"​မြန်လိုက်တာဗျာ..လူကြားထဲ ဘယ်လိုတိုးထွက်လဲ"

လူဆိုတာ အကြံကောင်း မင်းလောင်းတောင်ဖြစ်တယ်တဲ့။ခုလဲဘဲပုတို့ အကြံကောင်းတော့... !

"ဒီလိုပဲပေါ့ကွာ"

ကိုယ့်သိက္ခာအရ တပည့်ကျောပေါ်ကုန်းပိုးလိုက်လို့ ရောက်တယ်လို့တော့ ပြောလို့မဖြစ်ဘူးလေ။ဟဲဟဲ..။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now