Happy Thadingyut

61 7 0
                                    

(အပိုင်းပို)

Recommended song: : [ မိသားစုကန်တော့ပွဲ (မင်းလွင်မိုး ၊ စိမ့်နေခြည်) ]

"သွားကြမယ်ဟေ့!!"

အဖြူလက်ရှည် လည်ကတုံးနဲ့ ယောဂီရောင် ယောပုဆိုးဝတ်ထားတဲ့ ကန္တာဦးက လှူဖွယ်ပစ္စည်းတွေ ထည့်ထားတဲ့ လက်ဆွဲခြင်းကို ယူရင်း သတိပေးလေသည်။

"စောပါသေးတယ် အကိုကန္တာရယ်"

လင်းမေတ္တာသည်လည်း ဝတ္ထုကပ်ရန်အတွက် စာအိတ်ထဲ ငွေစက္ကူ အချို့ထည့်နေလိုက်သည်။ဘုန်းကြီးကျောင်းနဲ့ အလှမ်းဝေးနေတဲ့ ကိုယ့်အတွက် အကိုကန္တာလို ခေါက်ဆွဲထုပ်လေးအစကြက်သွန်လေးအစ ပြင်မထားမိ။အလွယ်လမ်း ဝတ္ထုငွေသာ ကပ်တော့မည်။သူကတော့ဆပ်ပြာမှုန့်၊လဘက်ခြောက်၊ဆန် နဲ့ တခြား တိုလိုမိုလီလေးတွေ စုံလို့။

"အဖေ့ ဒီမှာ ဒါနကမ်းအတွက်"

နွေဆူးလက်ရာ သီးစုံကျောက်ကျောလှီးပြီးသား ဒန်အိုးကြီးကို အဖေ့ရှေ့ပြတော့ အဖေက..

"ပြောတော့ ကျောင်းမှာ နို့စိမ်းခေါက်ဆွဲကျွေးမှာဆို ခုမဟုတ်ပြန်ဘူးလား"

"အဲ့ဒါက ကိုကိုတို့ကျွေးတာ၊ဒါက နွေဆူး၊မတူဘူး"

"ဪ အဲ့လိုလား"

နွေဆူး ကျောက်ကျောအိုးကြီး ကားနောက်ဖုံးထဲထည့်နေတုန်း ကိုလေးနဲ့မိုးဦးတို့ ရောက်လာသည်။

"အချိန်ကိုက်ပါပဲလား..ဘယ်အချိန်ထလာခဲ့လဲ"

ဖိုးလူ ခေါင်းရမ်းပြမိသည်။မပြောချင်တော့ပါ..ညနေထဲက သွားမယ်ဆိုတော့ တညတောင် ခွဲမအိပ်ချင်ဘူးတဲ့။ပြီးတော့ အိပ်တာလဲမဟုတ် တညလုံး ဘာတွေထည့်ရ သိုရမှန်းမသိ အထုပ်ကြီးအထုပ်ငယ်နဲ့ သင်တောမှာ တလကိုးသတင်း နေတော့မဲ့ လူလိုလို။

သူမအိပ်တော့ မထူးပါဘူးဆိုပြီး ကိုယ့်မှာ ၁၂ လောက်ထဲက ကားဆီဖြည့်၊လေကြည့်ဘာညာနဲ့။အရေးထဲ အင်္ကျီအဖြူပါ မီးပူပြေးထိုးရသေးတယ်။ဒါတောင်ပုဆိုးက အကွက်ကျဲနဲ့အစိပ်နဲ့ ဘယ်တခုဝတ်ရမှန်း မရွေးတတ်လို့တဲ့ ကောက်တော်မူရသေးတယ်။

တကယ်ပါ အသက်သာကြီးလာတာ ကလေးစိတ်က လုံးဝမပျောက်။

"လာ လာ အိမ်ထဲဝင်ဦး ၊စောသေးတယ် ကိုကိုတို့တောင် မပြီးကြသေးဘူး"

"စမ်းနွေရဂုံ"[ Completed ]Opowieści tętniące życiem. Odkryj je teraz