Chapter 22 + 23

2.1K 362 15
                                    

Unicode

Chapter  22

စူးယိရန်သည် ခဏမျှစဥ်းစားလိုက်ကာ

"ကြည့်ရတာ ဗီဒိုအထဲဖက်ထောင့်မှာဖြစ်လိမ့်မယ်၊ ခင်ဗျား ခဏစောင့်ဦး၊ ကျွန်တော်ရှာကြည့်လိုက်မယ်။"

      သူထလိုက်ကာ အိပ်ခန်းထဲ၌ မွှေနှောက်ရှာလိုက်၏။ခဏကြာပြီးသည့်နောက် အပြာရောင်အဖုံးရှိ ဟောင်းနွမ်းနေသည့် ဓါတ်ပုံအယ်လ်ဘမ်တစ်ခုကို ကိုင်ကာထွက်လာလိုက်သည်။ အယ်လ်ဘမ်အပေါ်ရှိ ဖုန်များကိုခါထုတ်လိုက်ပြီး ကုယွမ်းထင်အား ပြောလိုက်သည်။

" အောက်ဆုံးမှာရောက်နေတာ၊ ဖုန်တွေတော်တော်တက်နေပြီ၊ ခင်ဗျား ဒါကိုယူပြီးဘာလုပ်မလို့လဲ။"

    ကုယွမ်းထင်သည် သူ၏လက်ထဲရှိအယ်လ်ဘမ်ကိုယူလိုက်ပြီး

"ဒီအတိုင်းကြည့်မလို့။"

ကုယွမ်းထင်သည် စူးယိရန်ငယ်စဥ်အခါကပုံစံကို ကြည့်ချင်ခဲ့ခြင်း ဖြစ်၏။အထူးသဖြင့် သူ မပါဝင်ခဲ့သည့် ငယ်ရွယ်စဥ်အချိန်ကိုပင်။

     စူးယိရန်သည်လည်း စိတ်ဝင်စားလာကာ တီဗီကိုခေတ္တရပ်ထားလိုက်ပြီး သူနှင့်အတူထိုင်ကာ အယ်လ်ဘမ်ကြည့်သည်။

      ကုယွမ်းထင်က အပေါ်ဘက်အပြာရောင်အယ်လ်ဘမ်အဖုံးကို လှန်လိုက်ပြီးနောက် တွေ့လိုက်ရသည့် ပထမဆုံးဓါတ်ပုံဟာ အယ်လ်ဘမ်စာအုပ်ကိုကိုင်ထားသည့် သူ့လက်ကို တွန့်ဆုတ်သွားစေကာ မျက်လုံးသူငယ်အိမ်များကိုပါ ကျဥ်းသွားစေသည်။

     ဓါတ်ပုံထဲတွင် စူးယိရန်နှင့် မူလပိုင်ရှင်တို့ဟာ အလယ်တန်းကျောင်းဝတ်စုံဝတ်ကာ ကျောင်း၏တံခါးဝ၌ ရပ်နေ၏။နောက်ခံမှာ တံခါးပေါက်နားရှိ မက်မွန်ပင်နှင့် စာသင်ဆောင်ဖြစ်သည်။သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်ကာ ပြုံးနေကြပေသည်။

     စူးယိရန်၏ငယ်ဘဝပုံစံသည် သူတွေးထင်ထားသည်နှင့် အတူတူပင်ဖြစ်၏။ပါးပြင်ထက်၌ ကလေးအဆီလေး အနည်းငယ်ရှိနေကာ နူးနူးညံ့ညံ့ကြည်ကြည်လေးဖြင့် သစ်လွင်လန်းဆန်းမှုများ ပြည့်နှက်နေသည်။

     ရယ်လိုက်သည့်အချိန်၌ မျက်လုံးမျက်ခုံးများက ကွေးညွတ်သွားကာ ညာဖက်ကလေးပါးမို့လေးပေါ်၌ ပါးချိုင့်လေးက ထင်ရှားပေါ်လွင်နေသည်မှာ အလွန်ပင်ချိုမြိန်နှစ်သက်ဖွယ်ကောင်းလှသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now