2

5 2 0
                                    

"ဟေ့ကောင်ဇက်ကြီး ဟိုးဘက်Omegaဝိုင်းကိုကြည့်လိုက်"

"....."

သူပြောလိုက်မှ ​အကြည့်ပို့လိုက်တာနဲ့အတူ မျက်မှောင်များစုကြုံ့ရင်း

"ပြောရမယ်ဆို မြို့တော်မှာ မိုင်းသစ်ခက်လျှံထက်လှတဲ့ Omegaမျိုးမတွေ့ဖူးဘူးကွာ။ မင်းမလို့သူနဲ့လမ်းခွဲရက်တယ်။ Alpha တိုင်းလိုလိုငမ်းငမ်းတက်နေတဲ့လူကို မင်းဘာကြောင့်လမ်းခွဲနိုင်တာလဲ ငါတစ်ကယ်နားမလည်ဘူး"

"မင်းသူ့ရဲ့အကြောကိုမသိသေးလို့ပါ။ လူလေးကသာလှပြီးနုနယ်တယ်ထင်ရတာ Omegaနဲ့တစ်စက်မှမတူတဲ့အပြင် ငါတို့Alphaတွေကိုပါ သူကစိုးမိုးချင်တာ တစ်ကယ့်မလွယ်ကြော"

ဟုတ်သည် Alpha များသည် နဂိုကတည်းက လူ့အဖွဲ့အစည်း၏ထိပ်တွင်ရှိပြီး လွှမ်းမိုးလိုသောစရိုက်ရှိသည့်အပြင် Omega အများစု၏နာခံလိုသောစရိုက်သည်လည်း မွေးရာပါပင်။ သူ့ဘဝတွင်လည်း သူ့ကိုခစားချင်နေသော Omegaများသာရှိခဲ့ပြီး မိုင်းသစ်ခက်လျှံလိုအကြောမျိုး တစ်ကယ်ကိုမတွေ့ဖူးခဲ့ပေ။ လေးနှစ်ကျော်ချစ်သူရည်းစားအချိန်တွေကို သူဘယ်လိုတောင် သည်းခံနိုင်ခဲ့သလဲဆိုတာ စဥ်းစားရင် ခေါင်းကိုက်စရာ။

ထိုအချိန်တွင် ထိုဟာလေးသည် သူတို့ဝိုင်းနားသို့ ကျော့မော့စွာလျှောက်လှမ်းလာတာကြောင့် အတော်ကြာငြိမ်သက်နေသော ရင်ဘတ်အတွင်းမှအကောင်သည် ပြန်လည်ခုန်ပေါက်လာရင်း 'မဟုတ်မှ သူ့ကိုတွေ့သွားလို့ သူ့ဆီကိုလာတာများ' တွေးလို့မဆုံးခင် Toilet ဘက်သို့ချိုးကွေ့သွားတော့သည်။

သေချာစိုက်ကြည့်မိ​တော့ ထိုမလွယ်ကြောလေးက သူ့ရဲ့နို့နှစ်ရောင်သန်းနေတဲ့ အသားအရည်နဲ့လိုက်ဖက်တဲ့ အ​ဖြူရောင်ကိုဝတ်ထားတဲ့အပြင် tank topဖြစ်တာကြောင့် လက်မောင်းသားလေးတွေကအစမြင်နေရပြီး ကြည်လင်နေ၏။ Short pant အညိုလေးသည်သည် ကြည်လင်နေတဲ့အသားအရည်အထက် ပနံသင့်စွာနဲ့ ခြေတံသွယ်သွယ်လေးတွေကအတိုင်းသား။ လူတွေကို ဘယ်လိုဆွဲဆောင်ရမလဲ သေချာသိပုံရသည့် မိုင်းသစ်ခက်လျှံသည် ဖြောင့်ဆင်းနေသော အညိုရောင်ဆံနွယ်များကိုလည်း ဖြန့်ချထားသေးသည်။ Barအတွင်းရှိ Alphaတိုင်းလိုလို ထိုဝိုင်းဆီအကြည့်ပို့နေတော့ အလိုမကျတဲ့စိတ်ကပိုလို့သာလွန်စွာ။

You're MineWhere stories live. Discover now