EP16. ကိုကြီးတို့က ဘာတွေလဲ

549 57 63
                                    

(Unicode)

ဆီပြန်ချက်ထားသည့် ဝက်သားတုံးမှာ အရသာချိုချိုလေးလေးနှင့် ခံတွင်းမြိန်လွန်းလှသည်။ အုန်းနို့ငါးဖယ်ဟင်းသည်လည်း ဝါးလိုက်တာနှင့် စိမ့်ချိုသွားသည့်အပြင် ချဥ်ပေါင်ကြော်ပါ အဖော်ပါလေရာ အအီပြေလှသည်။ ပဲဟင်းနဲ့တစ်လုတ်ခွံ့တာကို စားပြီးမှ ဝေယံ စကားစပြောသည်။ ပါးလုပ်ပါးလောင်းဝါးရင်း..

"အပေါ်ကို ဘယ်လိုတက်လာတာလဲ"

"ခွင့်တောင်းပြီး တက်လာတာပေါ့"

"ဒီထမင်းဇလုံကရော"

"ကိုကြီးကိုယ်တိုင် ပြင်လာတာ၊ အန်တီ.. ဒီကလေးက အကျင့်ပျက်နေပြီ၊ ကျွန်တော် ထမင်းစားခိုင်းရင်း သေချာဆုံးမလိုက်မယ်လို့ ပြောလိုက်တာပေါ့"

အပြောနှင့်အလုပ် ကိုက်ညီပါပေသော မဟော်မင်းဝေက ငါးဖယ်ဟင်းနဲ့ တစ်လုတ်ထပ်ခွံ့လိုက်သည်။ ဝေယံကိုကို ထမင်းလုတ်ကို သေချာကြည့်ပြီးမှ ပါးစပ်ဟပေးလိုက်သည်။ မင်းဝေလည်း မြိန်ရေရှက်ရေစားနေသော ကလေးပေါက်ကိုကြည့်ရင်း စိတ်ချမ်းသာလာသည်။

"တအားစိတ်မဆိုးနဲ့၊ ခေါင်းကိုက်လိမ့်မယ်"

"ကိုကြီးက အိမ်လာပြီး လူနာမေးတာမလုပ်ဘဲ ဟေးဟေးဟားဟား လုပ်နေတာကိုး"

"အန်တီတို့က ကိုကြီးတို့အကြောင်းကို မသိသေးလို့ ဟေမာန့်ကို ထည့်ပြောပေးနေတာပါ"

"ကျွန်တော်တို့အကြောင်းက ဘာမို့လဲ၊ ဟွန့် ဘာအကြောင်းမှ မရှိဘဲနဲ့"

"ဝေယံ မကြိုက်ရင် ကိုကြီးက ဝန်ခံလိုက်ရမလား"

"ဘာကိုလဲ.."

"ကိုကြီးက ယောကျာ်းလေးတွေပဲ စိတ်ဝင်စားတဲ့အကြောင်း.."

ဝေယံကိုကို ထမင်းဝါးရင်း သေချာစဥ်းစားလိုက်သည်။ ဒီလိုဝန်ခံလိုက်ပါက ကိုကြီး ချိန်နေသူက မိမိဆိုတာကို အကွက်မြင်တဲ့အမေတို့ ရိပ်စားမိနိုင်သည်။ ဝေယံကဖြင့် ပြန်ကြိုက်ဖို့တောင် မတွေးရသေးဘဲနဲ့ ဘာလို့ချပြခိုင်းရမှာလဲ။ ပြီးတော့ အခုလေးတင် ယောကျာ်းလေးတွေလို့ ပြောလိုက်တယ်မလား..

"ကိုကြီးက ယောကျာ်းလေးတွေပဲ စိတ်ဝင်စားတယ်ဆိုတော့ ကျွန်တော့်အပြင် ဘယ်နှစ်ယောက်ကို စိတ်ဝင်စားနေတာလဲ"

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Where stories live. Discover now