Epilogue

698 61 46
                                    

(Unicode)

ကံတရားဆိုသည်မှာ တစ်ခါတစ်လေတွင် အလွန်ပင်ထူးဆန်းလွန်းလှ၏။ နှစ်လရှည်ကြာ တွဲခဲ့လင့်ကစား အချိန်တန်သည့်အခါ ကျောခိုင်းရသည်များ ရှိသလို အချိန်တိုအတွင်း အချစ်တွင်ပျော်ဝင်၍ တစ်ဘဝစာ ချည်နှောင်သွားကြသူများလည်း ရှိသည်။ မဟော်မင်းဝေက အဓိကပြရမည့် သာဓကပင်..။

မဟော်မင်းဝေသည် အချစ်နောက်ကို လိုက်ရင်း စိတ်ပင်ပန်း လက်လျော့ဖူးခဲ့သလို မချစ်ခင်ကပင် လက်ဖယ်ခဲ့ရဖူးတာလည်း ရှိသည်။ သူ့အချစ်ကံကို အဆိုးဆုံးလို့ သတ်မှတ်ကာ အချစ်သစ်မရှာတော့သည် အထိဖြစ်ခဲ့ဖူးသည်..။ ဒီနေ့ဒီအခါလိုမျိုး ချစ်ရသူနဲ့ ရွှေလက်တွဲရမယ့်နေ့ကို ရောက်လာလိမ့်မယ်လို့ သူကိုယ်တိုင်ပင် ထင်မထားခဲ့..။

ဝေယံကိုကိုသည်လည်း ထို့အတူပင်..။ စိတ်ဆတ်သူပီပီ သူ့အား သည်းခံနိုင်သူ မရှိဟု တွေးထားလေရာ ချုပ်ချယ်ခံရရင်တောင် ကျေကျေနပ်နပ် ခေါင်းညိမ့်ပေးတတ်သူ ဖြစ်လာလိမ့်မယ်လို့ အိပ်မက်ထဲတောင် မက်ဖူးခြင်းမရှိ..။ လက်တွဲဖော်အစား ငွေပဲရှာပြီး လူပျိုကြီး လုပ်မယ်လို့ ကြွေးကြော်ထားခဲ့သူက အခုကျ အစ်မရော၊ သူငယ်ချင်းများကိုပါ ကျော်ပြီး လက်ထပ်ထိမ်းမြားနေပြီ။

သူတို့မင်္ဂလာဆောင်ကလည်း အလွန်ခမ်းနားသည်လို့ ပြောရမည်။ အထည်ဝါဆုံးနှင့် အထူးခြားဆုံးဖြစ်စေရန် မျက်နှာကျက်ပါမကျန် မင်္ဂလာခန်းမတစ်ခုလုံးကို ပန်းအစစ်များဖြင့် အလှဆင်ထားသည်။ ဥာဏ်လင်းရောင်၏ အစီအမံဖြင့် လော့ကတ်ပုံ မီးဆိုင်းတွဲကြီးများကို မင်္ဂလာပွဲအမှီလဲလိုက်ကြရာ မီးဖွင့်လိုက်သည်နှင့် ပြိုးပြိုးပြက်ပြက်လင်းလက်နေပြီး စားပွဲ၊ ခုံနဲ့ စားပွဲခင်းများကိုပါ အဖြူနှင့်ငွေနှစ်မျိုးတည်းသာ သုံးထားသည်။ ကျယ်လောင်စွာ ကြားရတတ်သည့် မင်္ဂလာသီချင်းများအစား ဂီတသံ ညိမ့်ညိမ့်ညောင်းညောင်းကိုသာ ခပ်တိုးတိုးလေး ဖွင့်ထားသည်။ သတို့သားများမပါဘဲ ခန်းမလွတ်ကြီးကိုပဲ ဓာတ်ပုံရိုက်ကြသူများတောင် ရှိသည်။

မင်္ဂလာခန်းမ သာမက သတို့သားနှစ်ယောက်ထဲမှ တစ်ယောက်သည်လည်း ထူးထူးခြားခြား လက်ပတ်တီးနှင့်ဖြစ်သည်။ ဝေယံကိုကိုတစ်ယောက် ဆေးရုံဆင်းတာ ရက်ပိုင်းမျှသာရှိသေးသည်မို့ သူတို့မင်္ဂလာဆောင်မှာ ဝိုင်းတကာလှည့်ဧည့်ခံမည့် အစီအစဉ်မပါ..။ မြန်မြန်ဆန်ဆန် လက်စွပ်လဲ၊ ကိတ်မုန့်ခွဲ၍ မြန်မြန်ဆန်ဆန် ကျေးဇူးတင်စကားဆိုမည်၊ မှတ်တင်းတင်ဓာတ်ပုံရိုက်ကူးမည် ဒါပဲ..။

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Donde viven las historias. Descúbrelo ahora