Part(6)

405 49 4
                                    

Unicode...

"ပြန်မယ်အခုပဲပြန်မယ်"

အဆိုးလေးပြန်သွားကတည်းက သူ့မယ်လန်ဒန်ကလုပ်ငန်းခွဲကုမ္ပဏီမှာပြသနာပေါ်လာတယ်ဆိုလို့ ညတွင်းချင်း flightနဲ့ပြေးရလေသည်။

အလုပ်ကိစ္စကအမှန်တကယ်ဆို ၁ပတ်လောက်ကြာနေနိုင်ပေမဲ့ ရောက်ကတည်းကမနားပဲဆက်တိုက်အလုပ်လုပ်နေခဲ့ရတာကြောင့်၄ရက်မြောက်နေ့မှာတင် ရှယ်ယာရှင်အစည်းအဝေးအပြင် လုပ်ငန်းထဲကိုပါလှည့်ပတ်စစ်ဆေးနိုင်ခဲ့သည်။အခုလဲပြန်ရောက်ရောက်ခြင်းအနားမယူပဲချက်ချင်းပြန်မယ်ဆိုပြီးပစ္စည်းတွေသိမ်းခိုင်းနေပြန်ပြီ။

ဘေးကသက်တော်စောင့်တွေအပြင် လက်ထောက်မှူးကပါနားမလည်နိုင်ပေ။overseaထွက်ရင်အနည်းဆုံးတစ်လ အများဆုံးတစ်နှစ်ကြာတဲ့ဘောစ့်က အခုတော့ဖြင့်ထိန်းမနိုင်၊သိမ်းမရနဲ့။

"ဘောစ့်"

"မင်းထပ်တားရင်မင်းလျှာကိုဖြတ်ပစ်မယ်"

တားနေတဲ့လက်ထောက်မှူးမှာပါးစပ်ကိုအသာစေ့လိုက်ပြီး ဟာရုတိုအနားကနေဖနောင့်နဲ့တင်ပါးတသားထဲကျအောင်လစ်ထွက်သွားလေတော့တယ်။

ဟာရုတိုသက်ပြင်းချလိုက်ပြီး ၄ရက်လုံးပိတ်ထားတဲ့ဖုန်းကိုဖွင့်လိုက်သည်။သူ့အသည်းအသက်လေးကိုဖုန်းနဲ့ဖြစ်ဖြစ်ဆက်သွယ်ချင်တာတောင်မှ အစမလုပ်ဖြစ်ခဲ့။မဟုတ်ရင်သတိရလွန်းလို့ရူးသွားတော့မှာ။

ဖုန်းကိုစက်ဖွင့်လိုက်တော့အဆိုးတုံးလေးရဲ့ဖုန်းကောခ်တွေပလူပြန်နေတာကြောင့်စိတ်ဆိုးနေလောက်ပြီဆိုတဲ့အသိနဲ့ဖုန်းခေါ်ကြည့်သည်။

ဖုန်းခေါ်တာမကိုင်လို့ မက်ဆင်ဂျာကနေစာပို့ဖို့လုပ်ပေမဲ့...

"ဟာ မက်ဆင်ဂျာကိုဘလော့ထားရလားအဆိုးတုံးရ!"

ကြည့်ရတာတော့ ဖုန်းကိုလဲဘလော့ကောခ်လုပ်ပစ်လိုက်ရုံမက၊မက်ဆင်ဂျာကိုပါဘလော့ထားပုံရသည်။ဆိုးလိုက်တဲ့ကလေး။

ပြန်ရောက်တော့မှဆိုးချင်တိုင်းဆိုးနေတဲ့ကောင်လေးကိုအပြစ်ပေးအုံးမှပါလေ။

****************************************

"ဂျီဟွန်း လူတွေကတကယ်အပြောင်းအလဲမြန်တာပဲလား"

Mr.Watanabe and Babe KyuWhere stories live. Discover now