Part(7)

478 56 5
                                    

Unicode...

"ဉီးငယ်စိတ်မဆိုးဖူးလို့ပြောထားတယ်လေ"

သူ့ကိုလှမ်းထုဖို့လုပ်နေတဲ့ဉီးငယ်အား ဉီးကကြားကနေဆွဲထားရတာမို့ရုန်းရင်းဆန်ခတ်ဖြစ်နေလေသည်။

"မင်းအစထဲကငါ့ကိုပြောပြထားပါတော့လားအဆိုးကောင်ရာ"

အမှန်တော့ဟျွန်းဆော့အခန်းထဲကိုဝင်တဲ့အချိန်မှာ ဟာရုတိုကဂျွန်ဂယူကိုယ်ပေါ်အုပ်မိုးပြီးအတင်းဆွဲနမ်းနေတဲ့အချိန်နဲ့ကိုက်သွားတာမို့ ပူထူပြီးထထိုးမိလိုက်တာ။

သူတို့နှစ်ယောက်ကြိုက်နေမှန်းသာသိရင်ဟျွန်းဆော့ကိုယ့်သူဌေးကိုပြန်ထိုးမှာမဟုတ်ပေ။
အခုမှအမှန်တွေသိသွားတဲ့ဟျွန်းဆော့မယ် အိပ်ရာပေါ်မှာပုံပုံလေးထိုင်နေတဲ့ကလေးစုတ်ရဲ့ဖင်ကိုသာလိမ့်နေအောင်ကန်ချင်တောါတာပဲ။

"သားသိပါတယ် ဉီးငယ်ကသားတို့ကိုသဘောမတူ..."

"မင်းနဲ့သာဆိုငါစိတ်ချပြီးသားပါဟာရုတိုရာ ဒီကလေးကိုသာတနေ့တနေ့ဘယ်လိုဟာတွေနဲ့များတွေ့မလဲဆိုပြီးငါကစိုးရိမ်နေရတာ"

ဟျွန်းဆော့ရဲ့ဖြတ်ပြောလိုက်တဲ့စကားကြောင့်ဂျွန်ဂယူ အူတူတူလေးဖြစ်သွားရတော့တယ်။

ဟင့် မဟုတ်သေးဖူးလေ။ဂျွန်ဂယူနဲ့ဉီးကိုဉီးငယ်ကသဘောမတူရဖူးလေ။အာ့တာမှဒရမ်မာတွေထဲကလိုမျိုးဉီးနဲ့ခိုးရာလိုက်သွားတယ်ဆိုပြီးလုပ်လို့ရမှာမလား။

အခုဟာက ဂျွန်ဂယူဖြစ်စေချင်တဲ့အတိုင်းလဲဟုတ်မနေဖူး။

"ဉီးငယ်ကသားကိုဘယ်တုန်းကတည်းကအမြင်မကြည်တာလဲ ကိုယ့်တူတယောက်လုံးရည်းစားရတာကိုတားမယ်မရှိတဲ့အပြင်..."

မျက်ရည်တွေဝိုင်းရင်းပြောလာတဲ့ဘေဘီကြောင့်ဟာရုတိုရယ်မိသွားတော့တယ်။သူ့ဘေဘီကဒရမ်မာထဲကလိုမျိုးဖြစ်ချင်နေခဲ့တာကို ကိုယ်တွေကမသိပဲအပေးအယူမျှနေခဲ့ကြတာလေ။

"ဉီးငယ်ကဂယူ့ကိုဖြစ်နိုင်ရင်တသက်လုံးတယောက်ထဲချစ်သွားချင်တာ ဒါပေမဲ့ဉီးငယ်ရဲ့ကလေးလေးပျော်ဖို့အတွက်လဲဉီးစားပေးရမယ်လေကွာ အာရီဂူး မငိုရပါဖူးအဆိုးလေးရဲ့"

Mr.Watanabe and Babe KyuWhere stories live. Discover now