Part 18(End)

2.7K 117 19
                                        

မိုးတေသည်းထန်စွာရွာချနေသလို ပြေးသွားတဲ့ကောင်ငယ်လေးfourthမှာလည်း မျက်ရည်များကျဆင်းလျက်ပင်။

နောက်ဆုံးတော့geminiတယောက်သူ့ရဲ့အကောင်ပေါက်လေးကို လိုက်မှီလာကာ မိုးထဲမြာ တင်းနေအောင့်ဖက်ထားလိုက်သည်။

geminiတယောက်တကယ်ကြောက်နေမိသည်။သူ့အကောင်ငယ့်လေးသာ သူ့ကိုထားသွားရင် သူအသက်မရှင်နိုင်လောက်တော့ပေ။fourth nattawatဆိုတဲ့ကောင်ငယ်လေးသာလျှင်သူ့ဘဝရဲ့အချစ်ဆုံး၊အမြတ်နိုးဆုံး၊တန်ဖိုးအထားဆုံးလူသားလေး။

မိုးရေထဲမှာ fourth က geminiရဲ့ရင်ခွင်ထဲက ရုန်းနေသည်။geminiကလည်း fourthကိုအလွတ်မပေးဘဲ ပိုတင်းကြပ်အောင့်ဖက်ထားလေသည်။

geminiတယောက်ထဲ ကြောက်နေမိသည်မဟုတ်။အကောင်လေးfourthမှာလည်း geminiထားသွားမည်ကို သိပ်ကြောက်နေသည်။geminiကို အခြားမိန်းကလေးတယောက်နဲ့နီးနီးကပ်ကပ်မြင်ရတော့ fourthရဲ့ရင်ထဲ ဆူးစိုက်ဝင်သွားသလို နာကျင်မှုကို ခံစားရသည်။

မိုးရေထဲကကောင်လေးနှစ်ယောက်က ကျောင်းဝန်းထဲရှိလူတေက geminiနဲ့fourthအား ကြည့်နေကြလေသည်။သို့ပေမဲ့ geminiတယောက်အဲတာတေကို ဂရုမစိုက်နိုင်သေးပေ။သူ့အကောင်ပေါက်လေးကိုသာ တင်းနေအောင်ဖက်ထားသည်။သူ့ရင်ခွင်ထဲက အကောင်ပေါက်လေး fourthမှာလည်း ငိုယိုနေလေသည်။

geminiမှာလည်း အရူးတယောက်လိုပင် ငိုကာ'ထွက်မသွားဖို့ ပြောနေလေသည်။

''ကိုယ် တောင်းပန်ပါတယ်။ကိုယ့်ကိုမထားသွားပါနဲ့။ကိုယ့်ကို မထားခဲ့ပါနဲ့။''(gemini)

geminiတေယာက်ငိုယိုကာ fourthအားတောင်းပန်နေလေသည်။fourthမှာလည်းထိုနည်းတူပင်။

''gem~ငါ့ကိုထား~မသွားပါနဲ့။ငါက~လွဲရင် ဘယ်သူ့ကို အင့်~~မချစ်ပါနဲ့။ငါ့ကို အင့်~ဘဲ ချစ်ပါနော်။''(fourth)

geminiတယောက် fourthရဲ့စကားတေကြောင့် fourthကို တင်းနေအောင်ပိုလို့ပင်ဖတ်ထားလေသည်။

''ကိုယ် က မင်းကလွဲရင် ဘယ်သူ့ကိုမှမချစ်ဘူး။မင်းတယောက်ထဲကိုဘဲချစ်မှာ။အဲ့တာကြောင့်ကိုယ့်ကို ထားမသွားပါနဲ့။ကတိပေးပါ။''(gemini)

''ငါကတိပေးတယ်။မင်းလည်းငါ့ကို ထားမသွားရဘူးနော်။ကတိ''(fourth)

''ကတိ ကတိပါဗ်ာ''(gemini)

The Enemy(ရန်သူ)Wo Geschichten leben. Entdecke jetzt