အပိုင်း ၁

280 7 0
                                    


Unicode

မင်္ဂလာခန်းမထဲ၌ မင်္ဂလာတီးလုံးနှင့်အတူ သတို့သား၊သတို့သမီးတို့ ထွက်ပေါ်လာသည်။ သတို့သမီးသည် ရေသူမဂါဝန်ဟုခေါ်သော ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်စေသည့် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး။ ဆံပင်ကို ponytail style ခပ်ဖွဖွလေးစည်းထားသည်။ သတို့သမီးလေးမျက်နှာမှာ ပျော်ရွှင်ကြည်နူးမှုတို့က အထင်းသားမြင်နေရသည်။ နှစ်ဖက်မိဘ၊ ခင်မင်ရသည့် မိတ်ဆွေ ဆွေမျိုးတို့၏ အလည်မှာ ကိုယ့်ကို ချစ်မြတ်နိုးသည့် သတို့သားလောင်း၏ လက်ကိုတွဲလျှောက်ရသည်က မိန်းကလေးတိုင်း၏ အိမ်မက်မဟုတ်လား......
မဂ်လာလျှောက်လမ်းမှာ လျှောက်နေရင်း တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည့်အချိန်တွင် သတို့သမီးရဲ့မျက်နှာဟာ အေးခဲသွားရသည်။

( မောင်ဘယ်လိုလုပ် ဒီမဂ်လာဆောင်ကို လာခဲ့တာလဲ )

ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာရပြီး သိင်္ဂီ လက်ဖျားများအေးစက်လာရသည်။ ရင်ထဲ၌ ဝမ်နည်းမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာမိသောအခါ ဘေးက သတို့သားလောင်း ကိုစစ်ပိုင်ကို အားနာစိိတ်ဖြစ်မိသည်။ အကယ်၍များ ကိုစစ်ပိုင်ကို မောင် စကားလာပြောခဲ့ရင်ဆိုတဲ့အတွေးကြောင့် သိင်္ဂီ ခြေလှမ်းတို့ယောင်မှားလာသည်။

မောင်က အဲ့လောက်ထိ သိင်္ဂီကို့ အနိုင်ရဖို့ လိုချင်ခဲ့ပုံရသည်။

မောင်နဲ့စသိရချိန်က သူများတွေလို ထူးဆန်းမှုမျိုးမရှိ၊ စတွေ့ချိန်မှာ မောင်ရော သိင်္ဂီပါ ဆယ်ကျော်သက်တွေဖြစ်ကြသည်။
မောင်နဲ့သိင်္ဂီ စတင်ဆုံခဲ့တာ သိင်္ဂီတို့တက်နေသည့် ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်ကို မောင်စတင်ပြောင်းလာသည့်အချိန်တွင်ဖြစ်သည်။ ထိုအချိန်ကသိင်္ဂီသည် မဝတ်တတ် မစားတတ် ဘိုကေသာသာဆံပင်နှင့် စာဂျပိုးလေးတစ်ယောက်ဖြစ်သည်။ မောင် စပြောင်းလာသည့်နေ့တုန်းကဆို သိင်္ဂီ့ခြေခေါက်ထားတာမို့ ပတ်တီးဖြူပတ်လျှက် ထော့နဲ့ ထော့နဲ့ဖြစ်နေသည်။ ခြေခေါက်ရသည့်အကြောင်းကလည်း အပေါ်ထပ်စာသင်ဆောင်ကနေအဆင်း မျက်မှန်ကြောင့် လှေခါးထစ်ကျော်ဆင်းသလိုဖြစ်ကာ ပစ်လဲကျပြီး ခြေထောက် ထောက်လိုက်ချိန်တွင် ခေါက်သွားခြင်းဖြစ်သည်။

မောင့်ကို မုန်းသောအကြောင်းရာများWhere stories live. Discover now