အပိုင်း ၁၀

91 2 0
                                    


Unicode

ထိုနေ့က ကိစ္စဖြစ်ပြီးသည့်နောက် အခရာ့နောက်မှာ ထိုကောင်မလေး မပါတော့...... သိင်္ဂီလည်း အခရာကို လမ်းမှာတွေ့လျှင်တောင် မသိချင်ယောင်ဆောင်သွားလိုက်သည်။ အခရာကလည်း သူမကို လွှတ်ပေးထားလိုက်ပုံရသည်.....စကားပင်လာမပြောတော့ပေ။ သိင်္ဂီ အခြားဘယ်သူ့ကိုမှ ဒီလို ရင့်သီးစွာ မဆက်ဆံဖူးပါသော်လည်း အခရာတစ်ယောက်ကတော့ သိင်္ဂီ့အတွက် ချွင်းချက်ဖြစ်နေသည်။ အားကစားပြိုင်ပွဲများ စတင်ကျင်းပလေပြီ......မနက်ပိုင်းအစော၌ စားပွဲတင်တင်းနစ်၊စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြီး ညနေပိုင်း၌ဘောလီဘော၊ ခြင်းခတ် ကြက်တောင်ရိုက်စသည့်ပြိုင်ပွဲများကျင်းပရသည်။
ဒိုင်လူကြီးများက မှတ်တမ်းကို အသေးစိတ်ဖတ်ရှုပြီးနောက် သိင်္ဂီပထမပွဲတွင် တဖက်က ပြိုင်ဖက်ကို ရှင်းလင်းစွာ အနိုင်ရသွားသည်။ ဒုတိယပြိုင်ပွဲတွင် နှစ်ဖက်လုံးက အခြေနေကောင်းပင်မယ့် တစ်ဖက်ပြိုင်ပွဲဝင်က စည်းကမ်းနှစ်ခါဖောက်လိုက်သည်မို့ သိင်္ဂီအလိုလျောက်အနိုင်ရသွားသည်။ တတိယပွဲ၌ သရေကျကာ ဒီကနေ့ ပွဲတွင် သိင်္ဂီ ၂မှတ်ခွဲဖြင့် နောက်နေ့ ဆက်ကစားရမည်ဖြစ်သည်။

မူယာက ညနေကစားရမှာမို့ သိင်္ဂီတစ်ယောက်တည်းဖြစ်နေသည်။ တစ်မနက်လုံးခေါင်းသုံးထားသည်မို့ သိင်္ဂီ လေးလေးလံလံခံစားနေရသည်။ ကော်ဖီအေးတစ်ခွက်လောက်ဝယ်သောက်ရန် ကန်တင်းသို့ ထွက်လာလိုက်သည်။ ထမင်းစားချိန်မရောက်သေးသောကြောင့် ကန်တင်း၌ လူများများစားစားမရှိ......သိင်္ဂီ ရင်းနှီးနေသော ပုံရိပ်တစ်ခုကိုမြင်တာမို့ လှမ်းကြည့်လိုက်သောအခါ အခရာက သူမကိုလှမ်းကြည့်နေတာကို တွေ့လိုက်ရသည်။ ရုတ်တရတ်မို့ သိင်္ဂီကြောင်အသွားကာ အခရာ့ကို ရယ်ပြလိုက်မိသည်။ အခရာက လည်း အသိမှတ်ပြုဟန် အနည်းငယ်ပြန်ပြုံးပြလိုက်သည်။ စားပွဲထိုးလေးက သိင်္ဂီမှာထားသော ကော်ဖီအေးဗူးလာပေးသောအခါ အခရာ့ကို ပြန်ပြီး နှုတ်ဆက်စရာမလိုတော့ဟု ခံစားမိတာကြောင့် သိင်္ဂီ ကော်ဖီအေးဖိုး ပိုက်ဆံရှင်းပြီး ထွက်လာခဲ့လိုက်သည်။

ဒုတိယနေ့ ပြိုင်ပွဲတွင် မလာတော့သည်သူများရှိတာမို့ လူနည်းလာသည်။ သိင်္ဂီ ဒုတိယနေ့တွင် တစ်ပွဲရှံး ၊ တစ်ပွဲနိုင် ၊ တစ်ပွဲသားရည်ကျကာ လေးမှတ်ဖြင့် တတိယနေ့ကို ကစားခွင့်ရသည်။ နောက်နေ့တွင်ပြိုင်စရာ ဆန်ကာတင်လူငါးယောက်သာ ကျန်တော့သည် ။စစ်တုရင် ကစားရာမှ သိင်္ဂီ အခြားဝါသနာတူမိတ်ဆွေများနှင့် ရင်းနှီးခွင့်ရလာသည်။ ဝါသနာအရကစားတာမို့ နောက်ဆုံးနေ့ထိပါလာတာကိုပဲ ကိုယ့်ကိုကိုယ် ကျေနပ်နေမိသည်။ အခရာတို့ ဘော်လီဘော အသင်းက သိင်္ဂီတို့မေဂျာယောကျား​လေးအသင်းကို အနိုင်ရသွားသည်ဟု ကြားရသည်။ မိန်းကလေးအသင်းကတော့ နောက်ထပ် တစ်ဆင့် တတ်ရပြီ......

မောင့်ကို မုန်းသောအကြောင်းရာများحيث تعيش القصص. اكتشف الآن