အလှလေးရဲ့ယောက်ျားအဖြစ်ကူးပြောင်းလာတယ်

1.7K 129 10
                                    

U/Z

ရှောင်းကျန့်က 21ရာစုမှာ ကျော်ကြားတဲ့လက်ဝှေ့သမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ လုပ်ကြံခံရမှုတစ်ခုကြောင့် ဆုံးပါးသွားပြီး အမည်မသိ နေရာတစ်ခုကို ကူးပြောင်းလာခဲ့သည်။

ကူးပြောင်းလာပြီးနောက် ရှောင်းကျန့်သိလိုက်ရသည်က ယခုအချိန်သည် အလွန်ရှေးကျပြီး ယောက်ျား၊မိန်းမအပြင် ကောလူမျိုးအနည်းစုလည်း ရှိသေးသည်။
လူနေထိုင်မှုပုံစံတွေကလည်း အလွန်ရိုးရှင်းပြီး လယ်၊ယာတွေကို အများဆုံးစိုက်ပျိုးကြတဲ့ ရွာလေးလည်းဖြစ်သည်။ရှေးကျတာမို့ အသိဉာဏ်သိပ်မဖွံဖြိုးသေးကြပဲ အရမ်းကိုသာမန်ဆန်လွန်းလှသေးသည်။ရှောင်းကျန့်ကူးပြောင်းလာတဲ့ မူလကိုယ်ဟာ ရှောင်းအိမ်တော်ရဲ့သားသုံးယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်ကာ အလိုလိုက်ခံရဆုံးဖြစ်သည်။

ရှောင်းကျန့်ကူးပြောင်းလာတာ နှစ်ရက်ရှိနေပြီဖြစ်ပြီး မူလကိုယ်ရဲ့ အကျင့်စရိုက်များနဲ့ ယခုအချိန်ရဲ့ လူနေထိုင်မှုများကိုလည်း သိရှိခဲ့ရသည်။

ရှောင်းအိမ်တော်ရဲ့ အလိုလိုက်မှုတွေကြောင့် မူလကိုယ်ဟာ ပျက်ဆီးပြီးအပျော်အပါးလိုက်စားကာ ဘဝကိုအကျိုးမဲ့စွာ ဖြတ်သန်းနေသူလည်းဖြစ်သည်။ရှောင်းအိမ်တော်ဟာ လုယွမ်ရွာလေးမှာ အရမ်းချမ်းသာနေတာမျိုးမဟုတ်ပေမဲ့ နေနိုင်စားနိုင်တဲ့ အနေထားမှာရှိသည်။ဒါကြောင့် ရှောင်းအိမ်တော်ထဲဝင်နိုင်မဲ့ အခွင့်အရေးကို လိုချင်နေသူတွေရှိပြီး ရှောင်းအိမ်တော်ရဲ့သားအကြီးဆုံးနှစ်ယောက်ကလည်း အိမ်ထောင်ကျနေခဲ့ပြီဖြစ်ရာ အငယ်ဆုံးသား တစ်ယောက်သာကျန်နေတော့သည်။

အလုပ်မရှိအကိုင်မရှိ အပျော်အပါးလိုက်စားကာ အလွန်ပွေရှုပ်တတ်သည့် မူလကိုယ်ကို ရှောင်းအိမ်တော်ရဲ့အိမ်ထောင်ဦးစီး မူလကိုယ်ရဲ့ဖခင်က မိန်းမပေးစားဖို့ လုပ်ခဲ့ပေမဲ့ မူလကိုယ်က လက်မခံခဲ့ချေ။မိန်းမယူပြီးသွားရင် လင်ယောက်ျားရဲ့စည်းကမ်းတွေနဲ့ အညီ နေထိုင်ရမှာဖြစ်ပြီး ပွေရှုပ်လို့မရတော့တာမို့ မူလကိုယ်ကလက်မခံခဲ့ခြင်းသာ။ဒါပေမဲ့ အခြေနေတွေက မထင်မှတ်ထားစွာ ဝမ်အိမ်တော်ရဲ့သားနဲ့ မူလကိုယ်ဟာ စေ့စပ်ခဲ့ရသည်။

အလှလေးရဲ့ ယောက်ျားအဖြစ်ကူးပြောင်းလာတယ်Where stories live. Discover now