ရှောင်းကျန့်ရဲ့ ဇနီးလေး

855 81 7
                                    

အပိုင်း(၂) ရှောင်းကျန့်ရဲ့ဇနီးလေး

U/Z

အနီရောင်ဝတ်စုံဝတ်ထားပြီး ဇာပဝါအနီအုပ်ထားတဲ့ကောင်လေးကို ရှောင်းကျန့်ကအချိန်အတော်ကြာ ရပ်ကြည့်နေမိသည်။ရှောင်းကျန့်အကြည့်တွေကြောင့် လက်နှစ်ဖက်ကိုပွတ်သပ်နေတဲ့ဝမ်ရိပေါ်က မျက်နှာလည်းနီရဲနေပြီဖြစ်သည်။

အရပ်ရှည်ပြီးကြည့်ကောင်းတဲ့အမျိုးသားက သူ့ကိုစိုက်ကြည့်နေတာလေ။ရင်မခုန်ဘူးဆိုရင် ရူးနေလို့ပဲဖြစ်မယ်။

ရှောင်းကျန့်က ထိုကောင်လေးရှက်နေတာကို သတိထားမိတော့မှ အကြည့်တွေကိုရှောင်ဖယ်လိုက်ပြီး အကျီကိုအပေါ်ထပ်ချွတ်ချလိုက်သည်။အရင်ဘဝမှာတုန်းကလည်း ရှောင်းကျန့်က အားကစားလုပ်သူမို့အကျီအမြဲဝတ်လေ့မရှိဘူး။

လက်ဝှေ့သမားဖြစ်တဲ့ရှောင်းကျန့်က လေ့ကျင့်ခန်းခနခနလုပ်သူမို့ ကြွက်သားတွေကတောင့်တင်းနေပြီး အားလည်းသန်သည်။မူလကိုယ်ဟာ ပိန်လှီနေတဲ့ခန္ဓာကိုယ်မျိုးမဟုတ်ဘဲ အရပ်ရှည်ကာ ကြွက်သားရေးရေးတော့ရှိသူမို့ ရှောင်းကျန့်သာအားကစားပြန်လုပ်ပါက အရင်ဘဝကခန္ဓာကိုယ်မျိုးပြန်ရနိုင်သည်။

ရှောင်းကျန့်က အပေါ်ပိုင်းမှာ ဘာမှမဝတ်ဘဲအောက်က အတွင်းဝတ်ဘောင်းဘီအရှည်ကိုသာ ဝတ်ဆင်ထားပြီး အဝတ်တစ်စပိုက်လျက် ရေတွင်းနားထွက်လာခဲ့သည်။ဝမ်ရိပေါ်က ဓလေ့ထုံးတမ်းအရ ခင်ပွန်းသည်မှလွဲ၍မည်သူကမှ ဇာပဝါကိုလှန်လို့မရသောကြောင့် အခင်းပေါ်မှာပဲ ထိုအတိုင်းထိုင်နေခဲ့သည်။ရှောင်းကျန့်ကတော့ အဲ့တာတွေမသိခဲ့ပေ။

ရှောင်းကျန့်ကသမိုင်းကြောင်းကို သိပ်စိတ်မဝင်စားတာမို့ အရင်ဘဝကတည်းကဘာမှမလေ့လာခဲ့သူဖြစ်ကာ ထိမ်းမြားပြီးနောက်ဇနီးသည်ခြုံထားတဲ့ ဇာပဝါကို ခင်ပွန်းဖြစ်သူတစ်ယောက်တည်းကသာ လှန်ခွင့်ရှိကြောင်းကိုလည်းမသိခဲ့ပါချေ။တကယ်ဆို ရှောင်းကျန့်က သူလက်ထပ်ထားတဲ့ ကောင်လေးရဲ့မျက်နှာကိုတောင် မြင်တွေ့ဖူးခြင်းမရှိခဲ့ပါဘူး။

လက်ထပ်ပြီးနောက် ရှောင်းအိမ်ကရှောင်းကျန့်အတွက် အိမ်တစ်လုံးနဲ့တူးပြီးသား ရေတွင်းတစ်တွင်းအပါအဝင် လယ်တစ်ကွက်ကိုပါပေးခဲ့ပြီး အမွေဖြတ်ခဲ့ကာ ဆက်သွယ်ခြင်းမရှိတော့ပေ။ရှောင်းကျန့်က အနာဂတ်အတွက်အလုပ်ကောင်းကောင်းတစ်ခုကိုရှာဖို့ တွေးတောနေခဲ့ပြီး ရေတွင်းထဲက ရေကိုခပ်ကာ ရေချိုးလိုက်သည်။

အလှလေးရဲ့ ယောက်ျားအဖြစ်ကူးပြောင်းလာတယ်Where stories live. Discover now