Part_5(မင်းသားရှောင်းကိုကာကွယ်ရမယ်)

1.5K 127 2
                                    

Unicode

မနက်ခင်းနေရောင်ခြည်နဲ့အတူ လန်းဆန်းစွာနိုးလာတဲ့ရိပေါ်တစ်ယောက် မျက်လုံးမဖွင့်ပဲဘေးနေရာသို့လက်ဖြင့်စမ်းကြည့်မိတော့ ဘာမှမရှိပဲကွက်လပ်ကြီး

သူအိပ်ယာမှထထိုင်ကာ ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ဘယ်သူမှမရှိ
အိပ်ချင်မူးတူးဖြင့် ဖွာလှံကျဲနေတဲ့ဆံပင်အားလက်ဖြင့်သပ်ချလို့ကြိုးနဲ့ဖြစ်သလိုစည်းလိုက်သည်

"ကြင်ယာတော်နိုးလာပြီပဲ ကျနော်မျိုးမျက်နှာသစ်ရေပြင်ထားပြီးပါပြီ"
ဗန်းတစ်ခုကိုင်ကာဝင်လာတဲ့ကျိရန်ရဲ့စကားကိုသူခေါင်းငြိမ့်ပြလို့ အိပ်ယာမှထကာ ရေချိုးဆောင်ထဲဝင်ရန်ပြင်မိတော့ မင်းသားရှောင်းမှအဆောင်ထဲသို့ခုန်ဆွခုန်ဆွဝင်လာတာကြောင့် ရပ်ကြည့်နေလိုက်မိသည်
သူ့ကိုမြင်တော့နှုတ်ခမ်းဆူလို့

"ဝမ်ဝမ်ကတအားအိပ်ပုပ်ကြီးတာပဲ ခုမှထတယ် ပြီးတော့လည်းညကငါ့ကိုတအားဖက်ထားတာအသက်ရှူတောင်ကြပ်တယ်"
မင်းသားရှောင်းရဲ့အပြောအားဘာမှမတုံ့ပြန်ပဲနှာခေါင်းသာရှုံ့လိုက်သည်
'ဟွန့် ငါကပဲသူ့ဖက်အိပ်ရတယ်ရှိသေး အံ့သြ'

ရေချိုးဆောင်ထဲတွင်မျက်နှာသစ်လို့ ရေပါတစ်ခါတည်းချိုးလိုက်တာကြောင့်လူကအလ်ိုလိုလန်းဆန်းသွားရသည်
ရေစိုနေတဲ့ဆံပင်အားအထက်တစ်ဝက်သာစုစည်းထားတာကြောင့်ဖရိုဖရဲဖြစ်နေတာတော့အမှန် နဖူးပေါ်တွင်စည်းထားသည့်နဖူးစည်းလေးကတော့ကြင်ယာတော်အမှတ်အသားတစ်ခုပေါ့
ရေချိုးဆောင်မှထွက်လာတော့ မင်းသားရှောင်းမှမျက်နှာကြီးရှုံ့မဲ့ကာတစ်ခုခုကိုကြိတ်မှိတ်စားနေတာကိုတွေ့တာကြောင့်အနားသွားကာ

"ဘာတွေစားနေတာလဲမင်းသားရှောင်း"
သူမေးလိုက်တော့မျက်နှာကြီးရှုံ့မဲ့လို့သူ့အားကြည့်လာကာ

"ရေထမင်းပေါ့"
ထမင်းရည်လိုလိုဆန်ပြုတ်လိုလို ထမင်းနဲ့ရေပါတဲ့ပန်းကန်အားကြည့်လို့ငိုမဲ့မဲ့ပြန်ဖြေလာသည်
သူမင်းသားရှောင်းဘေးဝင်ထိုင်လိုက်ကာ ဘေးမှာရပ်နေတဲ့ကျိရန်ကိုကြည့်လိုက်တော့

"ခုနကမင်းသားအတွက်မနက်စာဆိုပြီးအစေခံတစ်ယောက်ကလာပို့သွားတာပါကြင်ယာတော်
ကုန်အောင်စားပါလို့လဲပြောလိုက်ပါတဲ့"
ရိပေါ် မင်းသားရှောင်းလက်ထဲမှဇွန်းအားယူကာ ထမင်းရည်အားသောက်ကြည့်လိုက်တော့
တကယ်ကိုထမင်းနဲ့ရေတွေ

Consort of the crazy prince(မင်းသားရူးရဲ့ကြင်ယာတော်)(Complete)Where stories live. Discover now