Chapter-20(Zawgyi)

535 20 2
                                    

"ဟင်း...အင်း"

ခပ်တိုးတိုးကြားလိုက်ရသည့် ညည်းသံသဲ့သဲ့မှာ အအိပ်ဆတ်သူမို့ လူက ဖျတ်ခနဲနိုးသည်။ ခါတိုင်း တစ်ယောက်တည်းအိပ်နေကျပေမဲ့ ယခုတော့ ဘေးမှာ နွဦေးသက်ထင်ရှိသည်ဆိုသော အသိစိတ်က ဦးစွာအရင်ဝင်သည်။
တိုးသဲ့သဲ့ညည်းသံက သူ့ထံမှဆိုတာ သတိထားမိသည်နှင့် သံပတ်ပေးထားသူလို လူက ချက်ချင်း ထထိုင်လိုက်မိသည်။

"နွဦေးသက်ထင်"

ခပ်တိုးတိုးခေါ်ကြည့်ရင်း ဘေးတစောင်းလှဲနေသူ၏ ပခုံးကို ခပ်ဖွဖွတို့ထိမိတော့

"ကျစ်"

ပူကျစ်နေသည့်ခံစားမှုကြောင့် နေရာမှ ချက်ချင်းထကာ မီးဖွင့်လိုက်ရသည်။ ကျွန်တော်လည်း အရင်က တစ်ခါတလေ ဖျားဖူးတိုင်း ညဘက်အပူကြီးတတ်သည့် ဝေဒနါကို ခံစားဖူးသည့်အားလျော်စွာ အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သည်။ နွဦေးသက်ထင် အဖျားတက်နေပြီ။

ပူပန်စိတ်က အိပ်ချင်စိတ်ကို သယ်ဆောင်သွားသည့်အခါ ဘာလုပ်ရမည်ဆိုသည်က ခေါင်းထဲ ရှင်းလင်းစွာဝင်လာသည်။ ကျွန်တော် ဖျားသည့်အခါတိုင်း အမေလုပ်ပေးနေကျအတိုင်း ရေဇလုံနဲ့ အဝတ်ကို ချက်ချင်းပြင်ပြီး သူ့ဘေးနားထိုင်ကာ ရေပတ်ဝတ်တင်ပေးတော့ မျက်လုံးတွေကို ခပ်ဖွဖွ ဖွင့်ကြည့်လာသည့်သူ။

"အဆင်ပြေရဲ့လား"

မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်ရင်း ခေါင်းခါလာသူ၏ အနည်းငယ်မဲ့နေသည့်မျက်နှာက တစ်လောကလုံးကို မကျေနပ်နေတဲ့ ကလေးတစ်ယောက်လို။

"ခေါင်းကိုက်တယ်၊ ဒီနားတွေ တဆစ်ဆစ်ထိုးနေသလိုပဲ၊ ခြေထောက်တွေရော လက်တွေရော ကိုက်တယ်"

သူ့အတွက် နှစ်ထပ်ထပ်ထားပေးသည့် ဂွမ်းဆောင်ကို လည်ပင်းထိ ဆွဲတင်ရင်း နားထင်ကြောတွေကို နှိပ်ပြကာ မှုန်ကုပ်ကုပ်ဆိုလာသူက ဘာမှလုပ်မပေးတတ်တဲ့ ကျွန်တော့်ကို အားကိုးတကြီးကြည့်တယ်။ အားကိုးခံရတဲ့ လူတစ်ယောက်အနေနဲ့ ဘာမဆိုလုပ်ပေးချင်တဲ့ စေတနာကလည်း ဆောင်းညအလယ် သူစိမ်းတစ်ယောက်အပေါ် ယိုဖိတ်လေတယျ။

ရေပတ်ဝတ်ကို နဖူးပေါ်တင်ပေးထားရင်းမှ ကျွန်တော့်လက်တွေ သူ့ပေါင်ဆီ လက်လှမ်းလိုက်သည်။

အပိုဆုလေးမတောင်းချင်ပါ(အပိုဆုလေးမတောင်းချင်ပါ)Where stories live. Discover now