Part-20

23.3K 1.1K 55
                                    

"အိမ်ပြန်ကြရအောင်နော်... "

မင်းညီလာမောင်သည် နူးညံ့ပျော့ပြောင်းစွာဖြင့် ပြောသော်လဲ ပျိုးကတော့ ဘာတုန့်ပြန်စကားတစ်ခွန်းကိုမှပြန်မပြောဘဲ တွန့်ကျေပြီး ဘေးမှာ ဖြစ်သလို ပုံကျနေတဲ့အဝတ်အစားတွေကိုသာပြန်ကောက်ဝတ်နေ၏။

မင်းညီလာသည်လဲ  သူ့ရဲ့ Jacketကိုဝတ်ရင်း ပျိုးကို တစ်ချက်ကြည့်သည်။

"မောင်ပြောတာကြားရဲ့လား "

"ငါ့ကားငါမောင်းပြီး ပြန်နိုင်တယ် မင်းပြန်ပို့စရာမလိုဘူး"

"ပြန်ပို့မယ်လို့ မောင်ပြောတာမဟုတ်ဘူး အတူတူအိမ်ပြန်မှာ... မောင်က မင်းနဲ့အတူတူနေတဲ့ မင်းယောကျ်ား"

သူ့ဟာသူ ယောကျ်ားပြောပြော၊ လင်ပြောပြော ပျိုး စိတ်ဝင်စားချင်စိတ်မရှိပါ။ဒါကြောင့်ပင် ပျိုး ကားတံခါးကိုဖွင့်ကာ သူ့ကားပေါ်ကဆင်းလိုက်သည်။

"!အာ့"

ဘယ်လိုနာကျင်ပုံမျိုးလဲ အောက်ပိုင်း တစ်နေရာက စပ်ဖျဉ်းနာကျင် နေသည်။ပျိုး မျက်နှာရှုံ့မဲ့သွားမိသည်အထိ။

ပျိုး ဖြစ်သွားတဲ့ ပုံစံကို နောက်ကျောဘက်မှသာမြင်ရပေမယ့် အခြေအနေကိုသိထားနှင့်သူမို့  မင်းညီလာ တစ်ဖက်က ကားတံခါးကို ခပ်မြန်မြန် ဖွင့် ဆင်းကာ သူ့ဆီကိုသွားသည်။

"ပြောပါတယ် အတူတူပြန်ပါ့မယ်ဆို"

မင်းညီလာ က အားမလိုအားမရ ပြောတော့ ပျိုးကို မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်သည်။

မင်းညီလာမောင် ပျိုးလက်မောင်းကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး

"မောင် ပြောနေတယ်လေကွာနော်... လာပါ ကားပေါ်တက်"

မင်းညီလာကသာ လိုက်ပြောနေပေမယ့် ပျိုးဆီကတော့ ဘာတုန့်ပြန်မှုမှမလာတာကြောင့်...

"မောင့်ကို အခုတစ်ခုခုလုပ်ချင်နေရင် လုပ်လိုက် မောင်တကယ်စိတ်မဆိုးဘူး ဟုတ်ပြီလား"

ပျိုး သူ့ကို ခပ်စူးစူးပြန်ကြည့်သည်။

"မင်းကိုငါ ဘာမလုပ်ဘူးမင်းညီလာမောင် မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာကို မင်းဆန္ဒအတိုင်းလုပ်ပြီးပြီပဲ မဟုတ်လား"

A year of love(U/Z)Where stories live. Discover now