22
655 53 4
ဖျော့တော့လွန်းတဲ့ အရောင်...မှေးမှိန်
လွန်း၍ သူမဟာ သူ့ရှေ့ကနေပဲ
ကွယ်ပျောက်သွားခဲ့တာ...
ဆောက်တည်ရာမဲ့ခြင်းဆိုတာမျိုး သူ
တို့ဘုံမှာ မရှိဘူး။ ဗလာသက်သက် နာမ်
ဝိညာဥ် နဲ့ ကုသိုလ်ကောင်းမှုတွေလုပ်
နေတာ ကြားရပေမဲ့ မမြင်ရ။ သူမကို
သူမမြင်နိုင်ခဲ့တာ သူမ အနားမနေနိုင်
ခဲ့တာ...
သူ၏ တစ်နေ့တာဖြတ်သန်းမှုက သူမ
တစ်ဘဝနဲ့ ညီမျှတယ်။ သူမခဏတာ
ကွယ်ပျောက်သွားခြင်းက သူ့သက်
တမ်းနဲ့တွက်ရင် တဒင်္ဂပေမဲ့ ထိုအခိုက်
အတန့်မှာတောင် သူဟာလေဟာနယ်
တစ်ခုလိုပဲ
နယ်စည်းခြားအရပ်တစ်နေရာမှာ အလင်းမှိန်ပျပျကို ပြန်မြင်ရတယ်။
ဒါဟာ ကြည်လင်သော စိတ်အစဥ်ကြောင့် မဟုတ်။ သူ့ကို နစ်နစ်နဲနဲပင့်ဖိတ်တမ်းတခြင်းကြောင့်သာ
ရင်ခွင်ရှာနေသော ကလေးငယ်တစ်
ယောက်လို...အော်ဟစ်ငိုကြွေးနေရင်
တောင် ပူလောင်လွန်း၍ သူမလာနိုင်ပေ
မဲ့...ယခုတော့ သူမက လက်ကျန်စိတ်
ဝိညာဥ်အားကုန်သုံးပြီးသူ့ကိုပင့်ဖိတ်နေခဲ့တယ်။
အာရုဏ်တက်မိုးသောက်ချိန်တခဏလေးမှာ အိပ်ပျော်ခြင်းအဖြစ်ကိုဆိုက်
ရောက်နေတုန်း သူမ မသိစိတ်ထဲဝင်
ကြည့်တော့
လဲ့သွားသော အကြည့်က မျက်ရည်စို
နေလို့ဖြစ်ပြီး ဟီးဟီး ဆိုတဲ့ အသံထွက်
က အပြစ်ဖြေဆည်ရာပါပဲ။ သို့ပေမဲ့
သူရဲ့ ခွင့်လွှတ်ခြင်းပါရမီက သူမနဲ့မှ
ရင့်သန်လေရဲ့...
မှေးမှိန်အားနည်းနေတဲ့ ဝိညာဥ်က သူမ
မဟုတ်ခဲ့သလိုပါပဲ။ သူမကိုလောကကြီးကပေးပြီး လောကကြီးကပဲပြန်ယူသွားတဲ့ အရာတွေက သူမအတွက်သိပ်
ကြီးမားနေခဲ့တယ်။ ဒီနှစ်တွေမှာ သူမ
ရင်ဆိုင်ရတာတွေ ကြီးမားလွန်းပြီးနေ
ထိုင်ရာ အရပ်၏ အပူမီးတွေက သူမ
ကိုပါ လောင်မြိုက်တိုက်စားခဲ့တယ်။
နှုတ်ကြမ်းစေခဲ့ပြီး ခက်ထန်စေခဲ့တယ်။ သူတစ်ထူး၏ ခန္ဓာစွန့်ရခြင်းတွေကို သူမ ဝမ်းသာဝမ်းမြောက်ဖြစ်ခဲ့တယ်။ သူတောင် သူမနားမနေနိုင်တော့
သည်အထိ ...
"ဘယ်တော့မှ ပြန်မြင်ရမလဲ..."
သူမမေးဖြစ်လိုက်ပေမဲ့ မကြာတော့တဲ့
အချိန် သူမကို ပြန်မြင်ရတော့မယ်ဆို
တာသိနေခဲ့တယ်။
သူမ အနားပြန်နေနိုင်ပြီး အရင်လို သူမ
ကို ကြည့်နေနိုင်တော့မယ်လို့ သူထင်
တယ်။
မေတ္တာတရားက ထိတွေ့ဖူးမှ သိတာ။ ခက်ခဲတာပေါ့...
မင်းငယ်ငယ်လေးထဲက မင်းကို စွန့်ပစ်ထားခဲ့ဖို့အကြိမ်ကြိမ်ကြိုးစားဖူးခဲ့တဲ့ ငါက အသိဆုံးမို့...
"အားတင်းထားပါ။ ငါတို့ အရင်လို ပြန်
နေနိုင်ကြမှာပါ။ ငါ မင်းကို တွေ့ချင်တယ် ငယ်...မြန်မြန်ပြန်လာနိုင်အောင်
ကြိုးစားကြည့်ပါ။မေတ္တာတရားရဲ့ စစ်
မှန်မှုကို မြင်အောင်ကြည့်ပါ ငယ်...
ဒါဆို မင်းအေးချမ်းမှာပါ"
Thank You All
(ZG)
လွန်း၍ သူမဟာ သူ့ရှေ့ကနေ ကွယ်
ပျောက်သွားခဲ့တာ...
တို့ဘုံမှာ မရှိဘူး။ ဗလာသက်သက် နာမ်
ခဲ့တာ...
တစ်ဘဝနဲ့ ညီမျှပေမဲ့ သူမခဏတာ
တမ်းနဲ့တွက်ရင် မနည်းပါ။
ဒါပေမဲ့...နယ်စည်းခြားအရပ်တစ်နေရာ
ခြင်းကြောင့်သာ
ကြည့်လိုက်သည်။
က အပြစ်ဖြေဆည်ရာပါပဲ။ သို့ပေမဲ့
ရင့်သန်လေရဲ့...
ကြီးမားနေခဲ့တယ်။
တယ်။
မင်းငယ်ငယ်လေးထဲက စွန့်လွှတ်လို့
"အားတင်းထားပါ။ ငါတို့ အရင်လို ပြန်
ကြိုးစားကြည့်ပါ။"
Thank You All
ကိုယ်စောင့်နတ် BroWhere stories live. Discover now