6

2.9K 428 21
                                    

ဒီနေ့ သူမ ဘုရားကျောင်းသွားတက်သည်
ဘုရားကျောင်းတက်သည်ဟု ဆိုပါက
သူမကိုခရစ်ယာန်ဘာသာဝင်ထင်ပါလိမ့်
မည်။ မှားမည်စွ

"ကိုယ်တော့်ကို ချစ်တယ်။ ကိုယ်တော်က
ချစ်တတ်အောင်သင်ပေးခဲ့တာ။ သနား
လည်း သနားဖို့ကောင်းတယ်"

ဒါက လက်ဝါးကပ်တိုင်ပေါ်က ဆူးခက်
ဆောင်းသခင်နှင့် ပတ်သတ်သော သူမ
၏ တစ်ကိုယ်ရည်တစ်ကာယ စိတ်ခံစား
မှု။

"ကိုယ်တော့်ဆီ လာလည်တာ…ဓမ္မတေး
တွေ နားထောင်ရတာ သဘောကျတယ်"

ဟု ပြောတတ်သူက ပဋ္ဌာန်းဒေသနာ
တော်ကို ပါဋ္ဌိလိုပါမက သေသွားသည်အ
ထိ ပဋ္ဌာန်းဒေသနာတော်၏ အနက်ကို
မသိသွားရှာလေသူတွေ အတွက် ဟုဆို
ကာ မြန်မာပြန်ကိုပါ ရွတ်ဖတ်ပေးတတ်
သူ။

ဗုဒ္ဓဒဿနက သူအကြိုက်ဆုံး ဒဿ
နတွေဟု ပြောတတ်သော်လည်း သမ္မာ
ကျမ်းစာလာ နတ်အပေါင်းကိုလည်း
ထိုင်ထိုင် Crushနေတတ်သေးသည်။

"ဖူးစာရေးနတ်လေးတွေက ဖင်တုံးလုံး
လေးတွေ။ မြန်မာအယူကျ ကြီးကြီး
ကျယ်ကျယ် မကိုဋ်တွေဘာတွေကောက်
ဆောင်းလိုက်သေး ဘာကွာပါလိမ့်"

သူများပြီးသော်လည်း မပြီးတတ်သော
သူမသည် ခုံတန်းများတွင်ထိုင်ကာ
အလှူရှင်များလှူဒါန်းမည့် မုန့်ကိုထိုင်စောင့်နေသည်။
ဒီတစ်ခါ သူမအာရုံကို အလည့်ကျ ဖမ်းစားနေသူတွေက ခေါင်မိုးပေါ်မှ ဖင်လုံးတုံးထားခံရသောနတ်ငယ်လေးတွေ။

"ငါတော့ ဖင်တုံးလုံးလေးတွေရဲ့ မြားနဲ့
လည်း အပစ်မခံနိုင်ဘူး။ အရှက်မရှိတာ
တွေ ကူးနိုင်တယ်။ သူတို့က ကလေးစိတ်
မပျောက်ေသေးလို့ ကိစ္စမရှိပေမဲ့ မတော်
ငါပါ လိုင်းပေါ် ချဲလန့်တွေ ထထခေါ်နေမှ
ဖြင့်… ပြောလို့ရတာမဟုတ်ဘူး"

သြဟော…အော်ပဲရယ်ချင်တယ် အမိ။
ခုထိ သူမနားကပ်နေသော ဘုံမြင့်ဆင့်
ရှိသူမှာ သူတစ်ယောက်သာ။

"မြန်မာနတ်တွေကကျ ကြီးကြီးကျယ်
ကျယ်တွေနဲ့…ကိုယ်ရောင်ကိုယ်ဝါဝင်း
ဘာညာနဲ့ အဲ့လိုဟာတွေနဲ့ မပတ်သတ်
ချင်ပါဘူး"

ဖင်လုံးတုံးတွေကို လိုက်ကြည့်ရင်း
အတွေးပွါးနေသည်။ ဒါ အလကားသက်
သက်မဟုတ်။ သူမအတွက် ကုန်ကြမ်း
တွေ။ အရာရာကို ကုန်ကြမ်းအဖြစ်ရှု
မြင်တတ်သူပါပေ။ သူတွေးလို့မှမဆုံးသေး

ကိုယ်စောင့်နတ် BroWhere stories live. Discover now