Part 1

1.4K 106 9
                                    

"ငါတို့ လမ်းခွဲကြရအောင် ဂျောင်ဂု"

အရေးတကြီးပြောစရာစကားရှိတယ်ဆိုတာ April fool လုပ်ဖို့လားဟု Jungkook တွေးမိလိုက်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။မနက်ဖြန် 4 လပိုင်း 1 ရက်နေ့ဆိုတာကို သူမေ့နေသည်ဟု ကိုကို ကထင်နေပုံရသည်။ထို့ကြောင့် အရင်ဦးအောင် ဧပရယ်ဖူးလိုက်ခြင်းဖြစ်လိမ့်မည်။

"ကိုကိုက မောင့်ကို ကိုကို့လိုမေ့တတ်တဲ့ ငတုံးလေးများမှတ်နေတာလားဗျ"

"မင်း ဘာတွေပြောနေတာလဲ..ငါပြောတာ မင်းကို လမ်းခွဲကြရအောင်လို့ပြောနေတာ"

"မောင် ကြားတယ်လေ ဒါပေမယ့် စိတ်မကောင်းလိုက်တာဗျာ ဧပရယ်ဖူးလုပ်နေတာကို မောင်က သိနေတယ်လေဗျ"

"တော်စမ်း ဂျွန်ဂျောင်ဂု..ဒါနောက်နေရမယ့်အချိန်မဟုတ်ဘူး ငါအတည်ပြောတာ မင်းနဲ့လမ်းခွဲမယ်လို့"

"ကိုကိုကလည်းဗျာ စမှန်းသိနေပါတယ်ဆို အဲ့လောက်ပီပြင်အောင်သရုပ်ဆောင်စရာမလိုပါဘူး..ခွဲရမယ့်အကြောင်းတွေဆို မောင်က ယောင်လို့တောင်ကြားချင်တဲ့သူမျိုးမဟုတ်မှန်းသိရဲ့သားနဲ့"

"မင်းမကြားချင်လည်း ငါပြောတာကို မင်းလက်ခံရမယ်..ငါတို့နှစ်ယောက်ဘယ်လိုမှရှေ့ဆက်လို့ အဆင်မပြေနိုင်တော့ဘူး..အဲ့တာကြောင့် လမ်းခွဲကြရအောင်လို့"

Seokjin ရဲ့ စိတ်မရှည်တော့ဟန် ဖြင့် အော်လိုက်သောစကားကြောင့် Jungkook တုန်လှုပ်သွားသည်။ချစ်သူသက်တမ်း 5 နှစ်အကြာမှာ စကားများစိတ်ကောက်ဖြစ်ကြတာကလွဲရင် ပြတ်ဆဲကြသည်အထိ တခါမှမဖြစ်ဖူးသေး။စိတ်ကောက်ကြရင်တောင် တရက်တောင်မခြား မခေါ်မပြောပဲ မနေနိုင်လို့ ချော့သင့်တဲ့လူက ချော့လိုက်ကြသဖြင့် ပြန်အဆင်ပြေသွားကြတာချည်းသာ။

အခုက ဘာပြဿနာမှလည်း မဖြစ်ထားပါပဲနဲ့။ဧပရယ်ဖူးလုပ်နေတာဟုထင်ရအောင်လည်း အခု ကိုကို့ပုံစံက တကယ်ကို အတည်ပြောနေတာဖြစ်ရမည်။ကိုကိုက အချစ်ရေးနဲ့ပတ်သတ်ပြီး စကားကို လက်လွယ်စပယ်မပြောတတ်တာ သူသာအသိဆုံး!!

"ကိုကို ဘာဖြစ်လို့လဲဟင်..စိတ်ညစ်စရာကိစ္စတွေရှိလို့လား..မောင့်ကိုပြောပြလေ"

Ex Became My Hubby { Completed }Where stories live. Discover now