Part 6

756 80 18
                                    

မီးရောင်မှိန်ပျပျလေးထွန်းထားတဲ့ အခန်းလေးအတွင်း၌ Seokjin ငြိမ်သက်စွာ လဲလျောင်းနေသည်။‌စောနတုန်းက Jungkook တို့အိမ်ကိုသွားဖို့ အိမ်ထဲကအထွက် Jungkook တို့အိမ်ရှေ့ရှိ လမ်းမီးတိုင်အောင်က အုတ်ခုံလေးပေါ်တွင် Jungkookကို ပထမဆုံးလှမ်းမြင်လိုက်သည်။

ဘယ်လိုပဲ မျက်နှာမပြဝံ့လို့ မတွေ့ချင်ပါဘူးဆိုဆို အရိပ်အယောင်လေးလှမ်းမြင်လိုက်တော့လည်း သေမတတ်လွမ်းနေခဲ့တဲ့ မျက်နှာလေးကို သွားကြည့်ချင်စိတ်တွေက ထိန်းမရသိမ်းမရ။မီး‌ရောင်ကြောင့် ထင်းထင်းလင်းလင်းမြင်နေရတဲ့ မျက်နှာချောချောက အရင်နှစ်တွေကထက်စာရင် ချောင်ကျသွားလိုက်တာ သိသိသာသာ။မေးရိုးများလည်း ပိုထင်းလာကာ မျက်နှာသွယ်သွယ်‌ပေါ်တွင် ဒဏ်ရာအပိုင်းအစများက ဟိုတစ်စဒီတစ်စ။‌အဝေးကလှမ်းကြည့်တာတောင် မောင့်ပုံစံက ခက်ထန်ကြမ်းတမ်းတဲ့လူမျိုးမှန်း သတ်မှတ်လို့ရနေသည်။အရက်အပြင်းစား‌ တွေကိုလည်း ပုလင်းလိုက်မော့ချနေ၏။မောင်က သူတွေးမိထားတာထက် အများကြီးပြောင်းလဲသွားတာပဲ..။

မျက်နှာချင်းဆိုင်မိတော့ သူ့ကိုတွေ့လိုက်တာနဲ့ ချက်ချင်းပင်အရောင်တွေပြောင်းသွားတဲ့ အမုန်းမျက်လုံးတွေ။ဘယ်‌လောက်တောင် နာကျည်းနေမလဲဆိုတာကို မျက်၀န်းတွေထဲကြည့်ရုံနဲ့တင် အဖြေရှာလို့ရနေသည်။မျက်နှာ  လေးမြင်တာနဲ့ ပါးစပ်က နှုတ်ကျိုးနေသော နာမ်စားလေး။မောင့်မျက်နှာလေးကို သေချာကြည့်ပြီး မခေါ်ဖြစ်ခဲ့တဲ့ အမြတ်နိုးဆုံးနာမ်စားလေးက အထိန်းကွပ်မဲ့စွာ နှုတ်ခမ်းဖျားကနေ ခုန်ထွက်သွားမိသောအခါ လည်ပင်းဆီသို့ ရောက်လာတဲ့ လက်ကြမ်းရှရှတွေ..။

မောင်နဲ့တွေ့ရင် အဆိုးဆုံးအခြေအနေထိ သူမျှော်လင့်ထားပြီးသားလို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းကြုံလိုက်ရတာက မျှော်လင့်ထားတာထက် အများကြီးပိုဆိုးနေပါသည်။ပထမဆုံးအကြိမ်‌အနေနဲ့ မောင့်ဆီကနေ ရင့်ရင့်သီးသီးစကားတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းပြုမူဆက်ဆံခံလိုက်ရသောအခါ ရင်ထဲက နာကျင်မှုက မပြောပြတတ်လောက်အောင်ပင်။မောင် သူ့ကို မုန်းနေပုံကို အတွေးနဲ့တင်ပဲမဟုတ်, လက်တွေ့ကြီးသိမြင်ခံစားလိုက်ရသောအခါ အကင်းမသေသေးသည့် ဒဏ်ရာတွေက ဆတ်ဆတ်ခါအောင် နာ၏။

Ex Became My Hubby { Completed }Where stories live. Discover now