Chapter 24.1

1.7K 331 13
                                    

Unicode

ပန်းကန်များဆေးကာ လက်သုတ်ပြီးနောက် စူးယိရန်က မီးဖိုချောင်မှထွက်၍ အပေါ်ဝတ်ကုတ်အားယူ၍ အပြင်သွားဖို့ရာ အိပ်ခန်းထဲဝင်လာလိုက်သည်။

 ကုယွမ်းထင်က နောက်ကလိုက်လာ၏။

" မင်းအဲဒီအကျီကိုလဲလိုက် "

   စူးယိရန်က နားမလည်သည့်ဟန်ဖြင့်

"ဘယ်အကျီလဲ"

 ကုယွမ်းထင်က သူ့ဝတ်ထားသည့်ဆွယ်တာအကျီအပါးအားစိုက်ကြည့်ကာ သွားနှစ်ခုအကြားကနေ စာလုံးလေး၊ငါးလုံး ကိုဖျစ်ညှစ်စွာထုတ်လာ၏၊

" ဒီ ဆွယ်တာ အပါး "

 စူးယိရန်သည် နားလည်ရခက်စွာဖြင့်

"ပြောင်းပြီး ဘာလုပ်မှာလဲ "

သူ ကုတင်ဘေးနားရှိ နှိုးစက်နာရီအားကြည့်လိုက်ကာ ခုနစ်နာရီထိုးနေပြီဖြစ်သည်။ ဆွယ်တာလဲမည့်အစား  အပေါ်ဝတ်ကုတ်ကို အမြန်ဆွဲယူကာ

"သွားရတော့မယ်၊ ရှစ်နာရီခွဲမှာချိန်းထားတာရှိတယ်"

 ကုယွမ်းထင်၏  စိတ်ထဲရှိဒေါသမီးတောက်က လောင်ကျွမ်းလာကာ စူးယိရန်၏ လက်ကောက်ဝတ်အား ရုတ်တရက်ဆွဲကာ လက်ထဲရှိကုတ်အင်္ကျီကိုဘေးလွှင့်ပစ်၍ ပခုံးအား လက်တစ်ဖက်ဖြင့်ဖိကာ ကုတင်ပေါ် တွန်းချလိုက်သည်။

 "ဟေး...ခင်ဗျား"

စူးယိရန်မှာ သတိလက်လွတ်ဖြစ်နေသည့်အတွက် ခဏလေးအတွင်း၌ပင် ကုတင်ပေါ်လဲကျသွားကာ သူ့အပေါ် အုပ်မိုးလာသည့် ထင်ကောအား တွန်းထုတ်ဖို့ကြိုးစားလိုက်သည်။

"မနောက်နဲ့တော့၊ ကျွန်တော် သွားရတော့မှာ"

  ကုယွမ်းထင်၏ မျက်ဝန်းများက မီးတောက်နေဟန်ဖြစ်နေကာ စူးယိရန်အားဖိထားရင်း သူ့ကိုယ်ပေါ်ရှိ အောက်ခံဆွယ်တာအင်္ကျီအားချွတ်လိုက်ရာ အတွင်းရှိ ဖြူဖွေးလှပသောခန္ဓာကိုယ်က ပေါ်ထွက်လာလေသည်။

     မနက်စောစောလေကြောင့် စူးယိရန်မှာအနည်းငယ်အေးသွားရင်း တုန်ယီသွားသည်။ သူ ကုယွမ်းထင်အား တွန်းထုတ်လိုက်ပြီး အဝတ်အစားများပြန်ဝတ်ကာ

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now