Ⅰ (u)

392 20 5
                                    


မီးရောင်‌တွေထိန်လင်းနေပေမယ့် တိတ်ဆိတ်ခြင်းသာအပြည့်လွှမ်းမိုးထားတဲ့အခန်းကျယ်တစ်ခုထဲ ဘောပင်တစ်ချောင်း ကြည်လင်‌တဲ့ဖန်စားပွဲပေါ်ကိုပြုတ်ကျလာတဲ့အသံက ကျယ်လောင်စွာပေါ်ထွက်လာတယ်။

"မင်းဒီစာချုပ်မှာလက်မှတ်ထိုးလိုက်တာနဲ့ ဒီအိမ်ထောင်ကဆုံးသတ်သွားပြီ"

ပန်းအိုးတစ်လုံးသာအလှဆင်ထားတဲ့ စားပွဲပေါ်မှာ ကွာရှင်းစာချုပ်တစ်ခုနဲ့ဘောပင်တစ်ချောင်းဟာအကျည်းတန်စွာ...

Kအပြုအမှုနဲ့လေသံက မာကောင်း‌မာနေနိုင်ပေမယ့် ဘယ်သူမဆိုဒီလိုအခြေအနေမှာရှေ့ကလူလိုလူမျိုး အပြုအမှုမျိုးကိုမြင်ရရင် Kလိုဖြစ်ကြမှာပဲ။

Kဘ၀မှာ အရှေ့ကလူရဲ့ ခေါင်းသေးသေးလေးထဲဘာတွေတွေးနေလဲဆိုတာသိရဖို့က အဖြစ်ချင်ဆုံးဆန္ဒထဲကတစ်ခုဖြစ်မယ်။

အာဆာကူရာ ဂျို

ဂျိုကKနဲ့ သုံးနှစ်တိုင်တိုင်ပေါင်းဖက်ခဲ့တဲ့ သူ့ယောက်ျား သူ့အိမ်ထောင်ဖက်ဖြစ်ပေမယ့် Kဟာဂျို့ကိုလုံး၀နားမလည်ခဲ့။

လွန်ခဲ့တဲ့သုံးနှစ်
နာမည်တောင်ပထမဆုံးကြားဖူးတဲ့သူကို လက်ထပ်ဖို့လက်ခံလိုက်တာကစလို့ သူ့ယောက်ျားအဖြစ်ကနေ ယောက်ျားဟောင်းဖြစ်လာတော့မယ့်အခြေအနေအထိကို Kကဂျို့စိတ်ကိုမသိခဲ့ရ။

Kနဲ့Joရဲ့ အိမ်ထောင်ရေးကလူကြီးတွေရဲ့အလွန်ကမောက်ကမဆန်တဲ့ စီစဉ်ပေးမှုကစတင်တယ်။

ဘယ်လောက်ရှုပ်ထွေးလိုက်လဲ။Kအဖိုးရဲ့သမီး တစ်နည်းအားဖြင့်Kရဲ့အမေဖြစ်သူက Kအဖေဆုံးသွားပြီးတဲ့နောက် ထပ်ပြီးပတ်သတ်ခဲ့တဲ့အမျိုးသားဟာသူမအချစ်ဦးဆိုတဲ့Joရဲ့အဖေဖြစ်တယ်။

သမီးဖြစ်သူရဲ့ပယောဂကြောင့် ပြိုကွဲသွားတဲ့မိသားစုကိုပြန်တောင်းပန်တဲ့အနေနဲ့ နစ်နာသူဖြစ်တဲ့Joအမေနဲ့Joကိုတောင်းပန်တဲ့အနေနဲ့ အဖိုးက Joနဲ့Kကိုလက်ထပ်ပေးဖို့စီစဉ်သတဲ့။

ဘယ်လောက်တောင်ကြောင်တောင်တောင်နိုင်လိုက်သလဲ။တကယ်ဆို ဒါကJoတို့သားအမိအတွက်ပိုတောင်စိတ်တိုချင်စရာ တောင်းပန်မှုတစ်မျိုးပဲ။

EX-HUSBAND [前夫]Where stories live. Discover now