Ⅲ (u)

136 21 16
                                    


Kနဲ့ကွာရှင်းပြီးတည်းက Joကမေမေ့အိမ်ကိုပြန်လာနေတာဖြစ်တယ်။

တစ်‌ညနေလုံး ယောက်ျားဟောင်းအမည်ခံသူကြောင့်ရင်‌တုန်လာရတာမလို့ အချိန်ပိုင်းအလုပ်နောက်တစ်ခုကိုဆက်မသွားပဲ အိမ်စောစောပြန်လာတော့ အိမ်မှာစောင့်ကြိုနေတာကမေမေတစ်ယောက်တည်းမဟုတ်။

"JoJo သားငယ် ဒီနေ့စောစောပြန်လာတာလား။အတော်ပဲ သားညီလေးပြန်ရောက်နေတယ် စကားပြောနှင့်ကြဦး မေမေညစာသွားပြင်ပေးမယ်"

"ဟုတ် မေမေ"

"အယ် နေပါဦး။သားနှုတ်ခမ်းတွေဖူးယောင်နေတာပဲ။ဟယ် အောက်နှုတ်ခမ်း‌ေတွဆိုပေါက်လို့ပြဲလို့။ရန်တွေဘာတွေဖြစ်ခဲ့တာလား သားငယ်ရယ်"

ထိုင်ရာကထလာရင်းနဲ့ ဂျို့မျက်နှာကိုသေချာကြည့်ပြီးမေးလာတဲ့မေမေ့ အမေးစကားနဲ့အတူ ထိုင်နေတဲ့သူဆီကပါ စူးစမ်းတဲ့အကြည့်က၀င့်လာမှန်း ခံစားရပါတယ်။

"မဟုတ်ပါဘူး သားနှုတ်ခမ်းတွေခြောက်နေလို့ခွာထားတာ။စိတ်မပူပါနဲ့"

"အေးပါ အေးပါ"

မေမေထမင်းစားခန်းထဲ ၀င်သွားပြီးတဲ့နောက် ထိုင်နေတဲ့ညီဖြစ်သူကို ကြည့်မိတော့မျက်စောင်းတစ်ခု ဆုံရသည်။

"အဟွန့် နှုတ်ခမ်းတွေပေါက်နေတာက ခွာထားလို့ပေါ့ ပြောပါဦး ဒါဆိုဘာလို့စုပ်ခွက်ငါးရုပ်တောင်ဖြစ်တော့မလို ဖူးယောင်နေတာလဲ"

ခနဲ့တဲ့တဲ့ထွက်လာတဲ့လေသံမှာ ပြောပါဦးဆိုတာက တစ်ခွန်းမှမဟနဲ့ဆိုတဲအဓိပ္ပါယ်မှန်းနီခီ့အကြောင်းနောကြေနေတဲ့ ဂျိုကနားလည်တယ်။

နီခီနဲ့ဂျိုက မွေးရက်လည်းသိပ်မခြားတဲ့၀မ်းကွဲညီအကိုတွေဆိုပေမယ့် ရုပ်ရောအရပ်ရောဆင်တူတာမို့ အမွှာညီကိုလို့သူများတွေ‌က စနောက်သမုတ်ကြတယ်။

နီခီကidolဖြစ်ချင်ခဲ့ပြီး Joက‌တော့Modelling industryထဲ၀င်ချင်ခဲ့တာမို့တူတူ‌ကိုရီးယားမှာကျောင်းသွားတက်မယ်ဆိုပြီး စီစဉ်ထားခဲ့ပေမယ့် ကတိမတည်ပဲ ရုတ်တရက်ကြီးငယ်ငယ်လေးနဲ့ယောက်ျားနောက်ကောက်ကောက်ပါအောင် လိုက်သွားတဲ့ဂျို့ကို နီခီကအကြီးအကျယ်စိတ်ဆိုးခဲ့တာ။

EX-HUSBAND [前夫]Where stories live. Discover now