Part.."1"

2.5K 249 35
                                    

#unicode
#zawgyi

"သဘာဝ လာထိုင်လေ"

ရင်းနှီး မှုတွေရောယှက်နေတဲ့ ကြိုဆိုသံ ကြောင့် အခန်းထဲရှိ ကျောင်းသားဟောင်း မိတ်ဆုံစားပွဲမှရောက်တက်ရောက်ရာ ပြောဆိုနေကြတဲ့ စကားသံတစ်ချို့ တိတ်ဆိတ်သွားကာ အားလုံးရဲ့အကြည့်တွေသည် အခန်းထဲသို့ ဝင်လာသော ကောင်လေးထံသို့ရောက်ရှိလာသည်။

ဝင်ရောက်လာတဲ့ထိုကောင်လေးရဲ့ မျက်နှာဟာ မာနတရားများရှိမနေပဲ ဂန္တဝင်ဆန်စွာလှပကြည်လင်နေမှုမှာ
အားလုံးရဲ့စိတ်နှလုံးကို အေးချမ်းစေပြီး ကြည်စင်စွာပြုံးရွှင်စေသော ဓာတ်သဘောကို ပိုင်ဆိုင်ထားသလိုပင်အခန်းတွင်း လူအားလုံးရဲ့စိတ်နှလုံးတွင် ငြိမ်းအေးသွားကာ ကြိုဆိုသော အပြုံးရိပ်များနှုတ်ခမ်းပါးတွင်ထင်ကျန်သွားသည်။

အခန်းတွင်း လွတ်နေသော ထိုင်ခုံကို အသံမမြည်အောင်ဆွဲကာ ထိုင်လိုက်ပြီးသပ်ရပ်ကောင်းမွန်စွာဝတ်ဆင်ထားသော မိုးပြာရောင်နုနု shirt ပွပွကိုစိမ်းပြာရောင်သွေးကြောများကဗျာ ဆန်စွာဖြစ်တည်နေတဲ့လက်ဖျံကြောသို့ သွက်လပ်စွာခေါက်တင်လိုက်ပြီး

"စောင့်ရတာ ကြာသွားပြီလား၊ အားနာဖို့ကောင်းလိုက်တာ"

တွေ့ဆုံဝိုင်းကစနေပြီမို့ သဘာဝစိတ်ထဲ နောက်ကျမှုတွက် အားနာ စိတ်ဖြစ်သွားမိသည်။

ဒီလိုတွေ့ဆုံပွဲတွေမှာနောက်ကျခြင်းဟာရိုင်းပြတဲ့ အပြုအမူသဘောကိုဆောင်နေသည်မို့ စီနီယာတွေ ဂျူနီယာတွေကို သသ မျက်မှာ မပျက်ချင်။

"အခုမှအားလုံး လူဆုံကျတာ သသရဲ့ စိတ်မပူနဲ့ မင်းနောက်မကျပါဘူး"

အားလုံးကလည်းနားလည်စွာခေါင်းငြိမ့်ပြီး တွေ့ဆုံပွဲဟာ ပြန်လည်အသက်ဝင်သွားကာ စကားပြောသံ များ ရယ်မောသံများနှင့်ပြန်လည်အသက်ဝင်လာသည်။

ကျောင်းသားဟောင်း တွေ့ဆုံပွဲတို့ မိတ်ဆုံစားပွဲတို့ဆိုတာ သသ အတွက် အစိမ်းသက်သက်မို့  social မကောင်းတဲ့သသ အတွက်တော့ ပျင်းရိဖွယ်နေရာတစ်ခုပင်။
ကြုံတွေ့ရတဲ့လောကဒဏ်တွေအကြောင်းဆွေးနွေကြ၊ အတိတ်က ငယ်ကျိုး ငယ်နာတွေဖော်ကြရင်းနဲ့ ပကာသနတွေမပါတဲ့ တွေ့ဆုံပွဲဟာ စိတ်ပျက်စရာတော့မရှိပါချေ။

Classic Melody Where stories live. Discover now