Part"2"

924 172 41
                                    

#unicode
#zawgyi

သသ ကားကိုဆက်မမောင်းနိုင်တော့စွာနဲ့လမ်းဘေး ထိုးရပ်လိုက်ပြီး စတီယာတိုင်ပေါ်တွင် ခေါင်းကိုမှောက်ချလိုက်သည်။

တစ်ဒိတ်ဒိတ်တုန်ခါနေတဲ့ နှလုံးခုန်သံဟာ ဒီလူအပေါ်
သသ လဲပြိုနေဆဲဆိုတာ သရုပ်ဖော်ပြနေသလိုပင်။
ဖြူဥနေတဲ့ပါးပြင်ထက် မျက်ရည်စတွေဟာ သစ္စာမရှိစွာကျဆင်းလာတာမို့ သသ လက်ဖဝါး နှစ်ဖက်နှင့်
သုတ်ပစ်လိုက်သည်။
ဒီလူနဲ့တွေ့ရင် သသ ဆယ်ကျော်သက်လေးလို အငိုလွယ်တတ်တုန်း ခံစားလွယ်တတ်တုန်းပါပဲ။

ဘာတဲ့ လိုက်မယ့် ကောင်လေး ရှိနေပြီသတဲ့လား။
သူ့လိုပြီးပြည့်တဲ့ သူအတွက်တော့ ကောင်လေးတစ်ယောက်ကိုကြိုက်သည်ဖြစ်စေ ကောင်မလေးတစ်ယောက်ကို နှစ်သက်သည်ဖြစ်စေ သူရဲ့ ဆုံးဖြတ်ချက်ကိုappreciate လုပ်မယ့်သူတွေကြီးပါပဲ။

သသအတွက်တော့ သူ့ကိုနှစ်သက်မိခြင်းသည် စိုးဝါးသော ကံကြမ္မာကိုဆင့်ခေါ်မိသကဲ့သို့ပင်..။
၁၀နှစ်ကြာပြီးမှပြန်ပေါ်လာတဲ့သူကြောင့် သသ လူတကာရဲ့ ပြောဆိုကို မခံချင်တော့ပါ။
မိတ်ဆုံစားပွဲမှာတောင် သသနဲ့ သူ့အကြောင်းသိတဲ့သူတွေက သသ တို့ကို စပ်စုနေတာအသိသာကြီး။

သသ ခေါင်းကို ခါရမ်းလိုက်သည်။
ကိုယ့်ဘဝနဲ့ ကိုယ်နေသင့်ပြီသဘာဝ
ကလေးဆန်နေဖို့လည်း ဆယ်ကျော်သက်အရွယ်လေးမဟုတ်တော့။

သသကြောင့် မေမေငိုခဲ့ရတဲ့ နေရက်တွေသည် သသအတွက်ပြန်မလှည့်ချင်သော နေ့ရက်ဆိုးတွေပင်။

သသ ကားကိုစက်ပြန်နှိုးပြီး ဖြေးညှင်းစွားမောင်းထွက်လာခဲ့သည်။
အချိန်သည် ၂နာရီခန့်သာ ရှိနေသေးသည်မို့ အိမ်သို့မပြန်သေးဘဲ ပန်းဆိုးတန်း 28 အပေါ် ဘလောက်မှာ ဖွင့်ထားတဲ့
သသ ရဲ့ ပန်းဆိုင်လေးကိုသာ ဦးတည်လိုက်သည်။

နေ့လည် ၂နာရီမို့ ကားတွေသိပ်မရှုပ်ထွေးနေပဲ မောင်းရအဆင်ပြေသေးသည်။

မီးပွိုင့် တစ်ခုပြီး တစ်ခု ဖြတ်ချိန်မှာ သသရဲ့အနောက်တွင် ပါလာတဲ့ Audi အဖြူရောင်ကားတစ်စီးကြောင့် မျက်မှောင်ကျုံမိသွားသည်။
ရန်ကုန် လမ်း မကြီးထက် ဒီလိုမျိုးကားတွေက အသွားအလာရှိတာကတစ်ကြောင်း ကိုယ် သွားနေတာကလည်း နေ့လည်ကြောင်တောင်ကြီးမို့လိုက်ပြီး မစိုးရိမ်စေရန်အတွေးတွေ ဖျောက်လိုက်ပြီး ဆိုင်ရှိရာ လမ်းထဲသို့ ချိုးဝင်လိုက်သည်။
ထူးဆန်းစွာပင် သသ ချိုးလိုက်တဲ့ လမ်းချိုးအတိုင်း လိုက်ချိုးလာတဲ့ကားကြောင့် သသ ဆိုင်ရှေ့မှာ ကားရပ်ပြီးတာနှင့် ချက်ချင်း ထွက်လာပြီးမတ်တပ်ရပ်စောင့်ကြည့်နေလိုက်သည်။

Classic Melody Where stories live. Discover now