Part"3"

754 141 19
                                    

#unicode
#zawgyi

သသ massage ကို ဖတ်နေချိန်မှာပဲ တန်းဝင်လာတဲ့ ဖုန်းကြောင့် အံ့ဩတကြီးဖြစ်သွားသည်။

ဒီလောက်ကြီးတောင်မြန်သလား။

တစ်ဒူဒူမြည်နေတဲ့ဖုန်းသံကိုစက္ကန့်ပိုင်းမှကြောင်ကြည့်ပြီးမှ အမြန်ကိုင်ကာ တစ်ဖက်ကိုအသံပြုလိုက်သည်။

"ကိုယ်ပါသသ"

"အွင်"

"ကိုယ်ပြောတဲ့ဟာလေ"

"...."

"အကြံပေးလို့ရမလားသသ ...ဟင်"

သသသက်ပြင်းခပ်ဖွဖွ ချလိုက်ပြီး စိတ်ကိုလျှော့ချလိုက်သည်။

သူပြန်ရောက်တာနဲ့ သသက ရန်လိုနေတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပင်။

သဘောကျနှစ်သက်မှုသည် သသရဲ့ အပိုင်းသာဖြစ်ခဲ့ပြီး ငြင်းဆန်မှုသည် သူ့ရဲ့လွတ်လပ်ပိုင်ခွင့်သာဖြစ်သည်။
ဖြစ်လာတဲ့ အကျိုးဆက်ကတော့ သသမမေ့သင့်တဲ့အရာမျိုးလို့သတ်မှတ်ရမှာပင်။ ဒီလိုအမှားမျိုးျနာက်ထပ်မလုပ်အောင် ဒီလိုလမ်းမျိုးဆက်မလျှောက်မိအောင် သသ အသိတရားဝင်သင့်သည်။

သသစိတ်ကို ရှင်းနေအောင်ထားလိုက်ပြီး

"ဟုတ်ရပါတယ်..ကျွန်တော်အကြံပေးနိုင်တာ ဒါမှမဟုတ်
လုပ်ဆောင်နိုင်တာရှိရင်ကိုကြီးကို ကျွန်တော်ကူညီပါမယ်"

သသ ရဲ့ စကားသံအဆုံး သူ့ဘက်မှအသံမှာလုံးဝတိတ်ကျသွားသည်။

"ဟဲလို ...ဖုန်းချသွားတာလား"

သသ ကြောင်တောင်တောင်နဲ့တောင် ဖုန်းကိုပြန်လည်ကြည့်လိုက်မိသည်။

"ဟင်အင်း ကိုယ်ရှိနေသေးပါတယ်"

"ဟုတ်"

သသ စကားတွေအများကြီးမပြောပဲ သူလွတ်လပ်စွာပြောလို့ရရန် စကားထောက်ပေးလိုက်သည်။

သက်ပြင်းချသံနဲ့အတူ သူ့ဘက်မှစူးရှတဲ့ အသံမှာ ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာသည်။

"ချစ်တယ်..."

"ဗျာ"

သသရင်ဘက်တွေ ဒိတ်ခနဲတောင်မြည်သွားသည်။
စူးရှလွန်းတဲ့ အသံဟာ ဖုန်းထဲက တစ်ဆင့်လိုမျိုးမခံစားရပဲ အနားမှာ လာရောက်ပြောလိုက်သကဲ့သို့ပင်။

You've reached the end of published parts.

⏰ Last updated: Sep 06, 2023 ⏰

Add this story to your Library to get notified about new parts!

Classic Melody Where stories live. Discover now