Chapter 24.2

1.8K 351 4
                                    

Unicode

စူးယိရန်နှင့် ကုယွမ်းထင်တို့နှစ်ယောက်သား အိမ်ပြန်ရောက်သည်နှင့် အသီးအရွက်များကိုလှီးဖြတ်ဆေးကြော၊ ချက်ပြုတ်စားသောက်၊ စားပွဲနှင့်ပန်းကန်များကိုဆေးကြောသန့်စင် စသဖြင့် အိမ်မှုကိစ္စများ ပြုလုပ်ရင်း စကားစမြည်ပြောကြလေသည်။

 ထမင်းစားပြီးနောက် စူးယိရန်က အနည်းငယ် ပြည့်တင်းလာသဖြင့် ကုယွမ်းထင်နှင့်အတူ အောက်ထပ်သို့ဆင်းကာ လက်ချင်းတွဲ၍ အိမ်အနီးနားရှိပန်းခြံဝန်းကျင်၌ နာရီဝက်ကျော်ကြာ လမ်းလျှောက်ခဲ့ကြ၏။

ပုံမှန်ရက်များအတိုင်းပင် နှစ်ယောက်သား လမ်းလျှောက်ရာက ပြန်လာပြီးနောက်  စူးယိရန်က ရေချိုးကာ အကျင့်ပါနေသည့်အတိုင်းဆံပင်လေမှုတ်စက်ကို ကုယွမ်းထင်အား ပေးလိုက်သည်။

 ဆံပင်ခြောက်အောင်မှုတ်ခိုင်းကြောင်း ကုယွမ်းထင် သိလိုက်၏။ ထို့ကြောင့် သူကဆံပင်လေမှုတ်စက်ကိုယူကာ စူးယိရန်၏နောက်တွင်ရပ်၍ ဆံနွယ်တွေကို အသာဖွကာ ခပ်ဖြည်းဖြည်းလေမှုတ်ပေးနေလိုက်သည်။

သူ့လက်ချောင်းတွေ စူးယိရန်၏ ဆံနွယ်ကြားထဲပြေးလွှားနေချိန် ဆံသားတွေကအတော်နူးညံ့ပျော့ပျောင်းတာကို သိလိုက်ရသည်။

ကုယွမ်းထင်၏ နှလုံးသားမှာလည်း ပျော့​ပျောင်း နွေးထွေးသွားရပေသည်။

သည်လိုမျိုးသာ ငြိမ်းငြိမ်းချမ်းချမ်းလေး နေသွားရလျှင်လည်း မဆိုးလှ။

သည်တိုင်းဆို သူကုအိမ်တော်ပြန်ဖို့လည်း မလိုအပ်ပြီ ထင်ပါ၏။

 ဆံပင်ခြောက်သွားချိန်၌ ကုယွမ်းထင်က လေမှုတ်စက်ကို ဘေးချလိုက်ကာ ဆိုဖာပေါ်ရှိ စူးယိရန်အား ပွေ့၍ သူ့ပေါင်ပေါ်ထိုင်စေပြီး လက်နှစ်ဖက်ကိုစုကိုင်ကာ တစ်ခဏမျှစိုက်ကြည့်ပြီးမှ ခေါင်းငုံ့၍ ညင်သာစွာ နမ်းမွှေးလိုက်သည်။ နဖူးပြင်မှစ၍ မျက်ဝန်းပေါ်၊ ထိုမှတဆင့် နှာခေါင်း၊ပါးပြင်နှင့် နှုတ်ခမ်းထောင့်၊ မေးဖျားထိ မြတ်နိုးစွာသော အထိတွေ့များနှယ်။

 စူးယိရန်မှာ ထိုကဲ့သို့သော အထိအတွေ့ နူးညံ့မှုများကို ကျင့်သားရနေပြီဖြစ်တာမို့ လိမ္မာစွာဖြင့်သာ ပွေ့ဖက်ခံနေလိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now