Part (9)

949 131 26
                                    

[Unicode]

ကျနော်ပါးစပ်အဟောင်းသားထပ်ဖြစ်သွားသည်။ အပြင်ကသူစိမ်းမို့ ခင်မို့လုပ်ထားတာ ဂျူလီယာရဲ့သူငယ်ချင်းတဲ့ ။

အီသန်ကအိမ်ထဲ၀င်သွားပေမဲ့ ကျနော်သူ့ကိုစိုက်ကြည့်နေမိတုန်း။ သခင်ကဒါကိုမကြိုက်ပုံ။

"စကားပြောချင်ရင် လိုက်သွားလေ"

"ဗျာ ..? "

ပြောပြောဆိုဆို လက်ကိုနောက်ပစ်၍ထွက်သွားတာ သခင်ပင်။ ထိုနေရာ၌ ကြောင်တောင်တောင်နှင့် တွေဝေနေမိတာသူ။ အီသန်က ဂျူလီယာရဲ့သူငယ်ချင်းတဲ့လား။

"ဂျူလီယာ ဟေးး"

"အီသန်! "

မြင်မြင်ချင်းပြေးဖက်မိတာ သူမ။ သူမရဲ့အချစ်ဦးကို သိပ်ချစ်ရှာသည်။ သို့သော် ဖရန့်ဇုန်ထဲက မထွက်သော အီသန်ကိုအားမရ။

"ဘယ်လိုလဲ ကင်မ်ကိုချစ်မိသွားပြီလား "

အီသန်ရဲ့စကားကြောင့် မျက်နှာပျက်သွားသည်။အခုထိ မမြင်သေးဘူးလား။

"မင်းအဖေက ကင်မ်နဲ့သဘောတူခဲ့တာကို သူကရော ဘာပြန်ပြောလဲ "

"ငါကင်မ်ကိုမကြိုက်ဘူး "

သတင်းစာကောက်ကိုင်နေတဲ့ အီသန်က ဒီတစ်ခါသူ့ကိုကြည့်လာသည်။ ဂျူလီယာဆီက အဖြေက သူ့ကိုအံ့ဩစေသည်။ ဒါဆို သူ့အဖေက စေ့စပ်မယ်ပြောတုန်းက ဘာလို့ခေါင်းညိမ့်ခဲ့လဲ။

"အန်တီငယ် "

ပြတင်းပေါက်ဆီက အသံကြောင့် အီသန်ရဲ့ခြေလှမ်းတွေက ထိုဆီသို့။ အောက်ကကောင်လေးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေပြန်သည်။

"ဘာလို့လဲ .."

သူမကအီသန်ရဲ့မျက်၀န်းတွေကိုစိုက်ပြီးမေးခဲ့ပေမဲ့ အီသန်က အောက်ကကောင်လေးဆီက အကြည့်မခွာပေ။ ထို့အတူပြုံးနေတဲ့ပါးတွေကခွက်၀င်နေသည်။

သိပ်လှတဲ့အပြုံးတွေက တစ်ခြားသူတစ်ယောက်အတွက်။ မျက်ရည်လဲ့နေသော သူ့ကိုသတိမထားမိတဲ့ယောကျာ်းတစ်ယောက်။ တစ်ခြားသူကိုငေးကာကြည့်နေရင် ရှင်ကသိပ်လှတာ။

"ငါအောက်သွားတော့မယ် အီသန်"

"ငါလဲ လိုက်မယ် "

သခင်Where stories live. Discover now