Part (10)

969 118 49
                                    

[Unicode]

"ငါအဲ့ဒီကောင်လေးကို သဘောကျတယ် "

"Humm ~"

သက်ပြင်းချသံဟာ ၀မ်းနည်းသံများနှင့်
မျှော်လင့်ချက်များဟာ တစ်ဖက်ကိုထွက်ပြေးသွားသည်။

× × ×

"သခင် "

"အွန်း ပြောလေ "

စာထိုင်ဖတ်နေသော သခင်က ‌သစ်သီးဗန်းကိုင်၍၀င်လာသော ကျနော့်ကိုမေးငေါ့ပြ၍ ပြောသည်။

"တစ်ခါလောက် ဗျာ လို့ထူးကြည့်စမ်းပါ ကျနော်ကြားဖူးချင်လို့ "

"မင်းက မောင်လို့ခေါ်ရင် ထူးပေးမယ် "

"ဘာဗျ ! "

ရှက်ရှက်နှင့် အကျယ်ကြီးအော်မိလိုက်သည်။ ဒီသခင်ကရည်းစားစကားပြောထားတယ်ဆိုပြီး တအားရွနေတယ်။

"ဟေး .."

ဗန်းအားချပြီးအခန်းထဲက ပြေးထွက်သွားသော ကောင်လေးကို လှမ်းဆွဲချိန်တောင်မရလိုက်။ ရှက်ပုံကအစ မင်းကသိပ်ကိုချစ်စရာကောင်းတယ် အငယ် ..

တစ်ချိန် မျက်လုံးထဲက ဒီကောင်လေးက အရမ်းစပ်စလူးထပြီး နမော်နမဲ့နိုင်တယ်လို့ မြင်ခဲ့ပုံက အခုကျ ချစ်စရာလို့မြင်နေပြန်တယ်။ အချစ်ဆိုသောရယ် တကယ်စွမ်းလွန်းပါတယ် ။

"အချစ်ဆိုတာက တကယ်ရောရှိလို့လား အန်တီငယ်"

"အို .. ရှိတာပေါ့ ဘာတုန်း ချစ်မိနေပြီလား  "

"မဟုတ်ပါဘူးဗျာ တစ်ခြားသူကချစ်တယ်ပြောရင် ကျနော်မယုံဘူး ၊ ဒီတိုင်းစိတ်ကစားပြီးပြောတယ်ပဲထင်နေတယ်"

ဟင်းချက်နေတဲ့အန်တီငယ်ဟာ ကျနော့်စကားကြောင့်ခပ်ဟဟရယ်သည်။ ဟင်းအိုးကိုမွှေနေပြီး စကားကလဲပြောနေရင်း

"မင်းကိုတကယ်ချစ်တဲ့လူဆိုရင် မင်းအတွက်အရာရာလုပ်ပေးနိုင်တဲ့သူဖြစ်ရမယ်၊ မင်းရဲ့ဖြစ်တည်မူတိုင်းကို လက်ခံနိုင်ရင်သူက မင်းကိုသေချာပေါက် စိတ်၀င်စားတာထက်ပိုသွားပြီ လူတစ်ယောက်ရဲ့ဖြစ်တည်မူဆိုတာ လူတစ်ယောက်ရဲ့ဒဏ်ပဲ ကောင်းခြင်း၊ဆိုးခြင်း သက်ရောက်နေတဲ့ မင်းရဲ့ခန္ဓာ၊ အရာရာကို လက်ခံနိုင်ရင် တကယ်ချစ်တာပဲ ကလေး "

သခင်Where stories live. Discover now